မှန်လုံယာဉ်ပေါ်မှ အပင်ပိုးသတ်ဆေးနဲ့ အထည်ထုပ်များသိမ်းဆည်းရမိ

 

          အေးရှားဝေါလ် တိုးဂိတ်အနီး ပြည်ထောင်စု လမ်းမကြီးပေါ်မှ ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက် ဝ၆း၃၀ ချိန်တွင် မူဆယ် Mobile Team အဖွဲ့မှ ဦးစီးအရာရှိ ဦးစီးတဲ့အဖွဲ့သည် Hiace  မှန်လုံယာဉ်အမှတ် (8J/xxxx) အားစစ်ဆေးရာ ယာဉ်ပေါ်တွင် တရားမဝင် ပိုင်ရှင်မဲ့ တင်ဆောင်လာတဲ့ တရုတ်နိုင်ငံထုတ် အပင်ပိုးသတ်ဆေး၊ အပင်အားဆေး၊ ပိုးသတ်ဆေးနဲ့ အထည်ထုပ် စုစုပေါင်း ၁၉ မျိုး ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၂၈ ဒသမ ၇၆၅ ခန့်ကို သိမ်းဆည်း ရမိတဲ့ အတွက် အကောက်ခွန် လုပ်ထုံးလုပ်နည်းနဲ့အညီ အမှုတွဲဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

ရေနံစိမ်းနဲ့ ငွေလဲနှုန်းအပြောင်းအလဲကြောင့် ယခုတစ်ပတ်မလေးရှား ရော်ဘာဈေးကွက် နိုးနိုးကြားကြားဖြစ်

 ရေနံစိမ်းနဲ့ ငွေလဲနှုန်း အပြောင်းအလဲများကြောင့် ယခုတစ်ပတ်မှာ မလေးရှား ရော်ဘာ ဈေးကွက် နိုးနိုးကြားကြား  ဖြစ်နရပါတယ်လို့  ရော်ဘာ ကုန်သည်တစ်ဦးက  ပြောကြားလိုက်တာပါ။  ရော်ဘာဈေးဟာ အခြားကုန်စည်များရဲ့  အခြေအနေပေါ်မူတည်ပြီး အပြောင်းအလဲ  ဖြစ်ပါကြောင်း၊ ယခုတစ်ပတ်ကုန်ဆုံးချိန်  မှာတော့ မျှော်မှန်းထားတာထက် ရော်ဘာဈေးကွက်  အခြေအနေကောင်းမွန်နေကြောင်း၊ အထူးသဖြင့် ရင်းဂစ်ဈေး အပြောင်းအလဲကလည်း သက်ရောက်စေကြောင်း  ဖေဖော်ဝါရီလ ၉ ရက်နေ့က Bernama သတင်းဌာနက တွေ့ဆုံမေးမြန်းစဉ်  ရော်ဘာကုန်သည်က ပြောကြားလိုက်တာ ဖြစ်ပါတယ်။ အင်္ဂါနေ့ဟာ အချုပ်အချာ