မြဝတီနဲ့ကော့သောင်းနယ်စပ်မှ သီဟိုဠ်စေ့ ၁၉ တန်နီးပါးတင်ပို့နိုင်
မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်နဲ့ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းက ၂၀၁၅ ခုနှစ် ၊ ဧပြီလ ၁ ရက်မှ ၂၄ ရက်အတွင်း ကန်ဒေါ်လာ သုည ဒသမ ၁၄၃ သန်းတန်ဖိုးရှိ သီဟိုဠ်စေ့ ၁၉ တန် နီးပါးတင်ပို့နိုင်ခဲ့ပါတယ်။မြဝတီကုန်သွယ်ရေးဇုန်က သီဟိုဠ်စေ့တန်ချိန် ၃ တန်ကျော် တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ဝ၂၅ သန်းတင်ပို့နိုင်ခဲ့ပြီး ကော့သောင်းနယ်စပ်စခန်းကတော့ တန်ချိန် ၁၅ တန်ကျော် တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ဝ၁၈သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။