“အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ်” ပထမအကြိမ် ညှိနှိုင်းဆွေးနွေးပွဲ တက်ရောက်ခြင်း
“အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာမူဘောင်သဘောတူစာချုပ်” ပထမအကြိမ်ညှိနှိုင်းဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်တွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ယှဉ်ပြိုင်မှုကော်မရှင်ရုံးမှ ဘာသာရပ်တာဝန်ခံအရာထမ်းများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
