စတုတ္ထအကြိမ် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ အဖွဲ့အစည်း အကြီးအကဲများအစည်းအဝေး တက်ရောက်ခြင်း

စတုတ္ထအကြိမ် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ အဖွဲ့အစည်း အကြီးအကဲများအစည်းအဝေး (The 4th ASEAN Heads of Competition Agencies' meeting) ကို ၂၀၂၃ ခုနှစ်၊ မတ်လ ၁၃ ရက်တွင် ဖိလစ်ပိုင်နိုင်ငံ၊ ပါလာဝမ်မြို့၌ Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ စုစုပေါင်း (၄၃)ဦး တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များအဖြစ် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးဆောင်၍ ကော်မရှင်ရုံးမှ အရာထမ်းများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် (ACAFTA) ညှိနှိုင်းဆွေးနွေးမှုများအတွက် တတိယအကြိမ် ယှဉ်ပြိုင်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့်အစည်းအဝေးသို့ တက်ရောက်ခြင်း

                အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် (ASEAN-Canada Free Trade Agreement-ACAFTA) ညှိနှိုင်းဆွေးနွေးမှုများအတွက် တတိယအကြိမ် ယှဉ်ပြိုင်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့်အစည်းအဝေး (Third Meeting of Working Group on Competition for the ASEAN-Canada Free Trade Agreement - 3rd  ACAFTA WGC ) ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် အွန်လိုင်းမှ Vitrual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် (၁/၂၀၂၃) ပုံမှန်အစည်းအဝေး ကျင်းပပြုလုပ်

           မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်(၁/၂၀၂၃) ပုံမှန်အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်၊ နံနက် (၁၀:၀၀) နာရီချိန်တွင် စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ-၁၌ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။

“အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ်” ပထမအကြိမ် ညှိနှိုင်းဆွေးနွေးပွဲ တက်ရောက်ခြင်း

“အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာမူဘောင်သဘောတူစာချုပ်” ပထမအကြိမ်ညှိနှိုင်းဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်တွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ယှဉ်ပြိုင်မှုကော်မရှင်ရုံးမှ ဘာသာရပ်တာဝန်ခံအရာထမ်းများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ 

ဒေသဆိုင်ရာအညွှန်း(Geographical Indications, GIs)နှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပွဲကျင်းပ

ဒေသဆိုင်ရာအညွှန်း(Geographical Indications, GIs)နှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပွဲကျင်းပ

နေပြည်တော် ဇန်နဝါရီ ၂၅

          ဒေသဆိုင်ရာအညွှန်းနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက်(၁၀:၀၀) နာရီတွင် နေပြည်တော်၊ ရုံးအမှတ် (၅၂) ရှိ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။

"အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ် ဆွေးနွေးညှိနှိုင်းမှုများအတွက် တတိယအကြိမ် ယှဉ်ပြိုင်မှုဆိုင်ရာ အာဆီယံဒေသတွင်း ညှိနှိုင်းအစည်းအဝေး" တက်ရောက်ခြင်း

"အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် (ASEAN-Canada Free Trade Agreement-ACAFTA) ဆွေးနွေးညှိနှိုင်းမှုများအတွက် တတိယအကြိမ် ယှဉ်ပြိုင်မှုဆိုင်ရာ အာဆီယံဒေသတွင်း ညှိနှိုင်းစည်းအဝေး" ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် ACAFTA လုပ်ငန်းကော်မတီဆိုင်ရာ အာဆီယံဥက္ကဋ္ဌ Mr. Arunan Kumaran က သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ယှဉ်ပြိုင်မှုဆိုင်ရာကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

ဧရာဟင်္သာ ဆန်စက်ရုံတွင် ရှင်းလင်းပြောကြားခြင်း

ဧရာဟင်္သာ ဆန်စက်ရုံတွင် ရှင်းလင်းပြောကြားခြင်း

၁။      ကုန်သွယ်မှုသင်တန်းကျောင်း(ရန်ကုန်)တွင်ဖွင့်လှစ်သင်ကြားလျက်ရှိသော အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊ တနင်္ဂနွေ) အမှတ်စဉ်-၆ မှ သင်တန်းသား/သူ (၃၈)ဦး၊ ကုန်သွယ် မှုသင်တန်းကျောင်းမှ အုပ်ချုပ်သူ(၂)ဦး၊ စုစုပေါင်း (၄၀) ဦးတို့သည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက် (ကြာသပတေး) နေ့တွင် ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)၊ ဘုရင့်နောင်ကုန်စည်ဒိုင်၊ အာကာဦးပဲခွဲစက် ၊ ဧရာဟင်္သာ ဆန်စက်ရုံ တို့သို့ လေ့လာရေးခရီး သွားရောက်ခဲ့ကြပါသည်။

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ရှင်းလင်းပြောကြားခြင်း

ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း) တွင်သွားရောက်လေ့လာခဲ့ခြင်း

ကုန်သွယ်မှုလုပ်ထုံးလုပ်နည်းဆိုင်ရာ အနီးကပ်ပညာပေး ရက်တိုသင်တန်း သင်တန်းအမှတ်စဉ် (၂/၂၀၂၂)

(သတင်းအပြည့်စုံ)

     ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှစတင်၍ ကုန်သွယ်ရေးစခန်းများတွင် သွားရောက်တာဝန်ထမ်း ဆောင်မည့် ကုန်သွယ်ရေးဉီးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများအတွက် ကုန်သွယ်မှုလုပ်ထုံး လုပ်နည်းဆိုင်ရာအနီးကပ် ပညာပေးရက်တိုသင်တန်းအမှတ်စဉ် (၂/၂၀၂၂) ကို ၂၀၂၂ ခုနှစ် ၊ ဒီဇင်ဘာလ (၁၃) ရက်နေ့တွင် စတင် ဖွင့်လှစ်ခဲ့ပါသည်။