မန္တလေးမြို့တွင် ယှဉ်ပြိုင်မှုဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်
မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ ၂၀၂၃ ခုနှစ်အား ယှဉ်ပြိုင်မှုဥပဒေနှင့်မူဝါဒဆိုင်ရာ အသိပညာပေးနှစ်အဖြစ် သတ်မှတ်၍ ယှဉ်ပြိုင်မှုဆိုင်ရာအသိပညာပေးလုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံ၏ အဓိက စီးပွားရေးမြို့ကြီးတစ်မြို့ဖြစ်သည့် မန္တလေးမြို့တွင် ၂၀၂၃ ခုနှစ် ဧပြီလ ၆ ရက်၌ ယှဉ်ပြိုင်မှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။
