ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ရေးဆွဲရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း

ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးဆောင်ရွက်ကြသော နိုင်ငံများတွင် ယှဉ်ပြိုင်မှုဥပဒေသည် အဓိကအရေးပါသော ဥပဒေတစ်ရပ်ဖြစ်ပါသည်။ သို့ပါ၍ ဥပဒေသည် ခေတ်နှင့်လျော်ညီ‌စေရန် ဥပဒေ၏ အားသာချက်၊ အားနည်းချက်များအား အစဉ်တစိုက် လေ့လာသုံးသပ်ရေးနှင့် ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ရေးဆွဲနိုင်ရေးအတွက် "ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ရေးဆွဲရေးဆိုင်ရာ လေ့လာစိစစ်သုံးသပ်ရေးအဖွဲ့"ကို ဖွဲ့စည်းခဲ့ပါသည်။

“အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ် ညှိနှိုင်းဆွေးနွေးမှုများအတွက် စတုတ္ထအကြိမ် ယှဉ်ပြိုင်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့် အာဆီယံဒေသတွင်းညှိနှိုင်းဆွေးနွေးပွဲ တက်ရောက်ခြင်း

               အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ် (ASEAN-Canada Free Trade Agreement-ACAFTA) ညှိနှိုင်းဆွေးနွေးမှုများအတွက် စတုတ္ထအကြိမ် ယှဉ်ပြိုင်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့်အစည်းအဝေး အာဆီယံဒေသတွင်း ညှိနှိုင်းဆွေးနွေးပွဲ (Caucus 4th ACAFTA WGC) ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃ ရက်တွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

“အာဆီယံ-တရုတ် လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ် ညှိနှိုင်းဆွေးနွေးမှုများအတွက် ဒုတိယအကြိမ် ယှဉ်ပြိုင်မှုနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့် အစည်းအဝေး” အာဆီယံဒေသတွင်းညှိနှိုင်းဆွေးနွေးပွဲ

အာဆီယံ-တရုတ် လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ် (ASEAN-China Free Trade Agreement-ACFTA) ညှိနှိုင်းဆွေးနွေးမှုများအတွက် ဒုတိယအကြိမ် ယှဉ်ပြိုင်မှုနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့်အစည်းအဝေး (2nd ACFTA WGCC) အာဆီယံဒေသတွင်း ညှိနှိုင်းဆွေးနွေးပွဲ (ASEAN Caucus) ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၅ ရက်တွင် အွန်လိုင်းမှ Virtual ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ယှဉ်ပြိုင်မှုကဏ္ဍမှကိုယ်စားလှယ်များ၊ စားသုံးသူကာကွယ်ရေးကဏ္ဍမှ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ စုစုပေါင်း(၃၆)ဦး တက်ရောက်ခဲ့ကြပါသည်။

နေပြည်တော်၌ ယှဉ်ပြိုင်မှုဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း

နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မြန်မာနိုင်ငံယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေများနှင့် ယှဉ်ပြိုင်မှုကော်မရှင်အကြောင်း၊ ယှဉ်ပြိုင်မှုဆိုင်ရာတိုင်ကြားမှုများကို လက်ခံဆောင်ရွက်မှု၊ အာဆီယံဒေသတွင်း ယှဉ်ပြိုင်မှုဆိုင်ရာ ကျင့်သုံးဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ လိုက်ပါဆောင်ရွက်ရမည့်အခြေအနေများကို လေ့လာသိရှိနိုင်စေရန် ရည်ရွယ်၍ ယှဉ်ပြိုင်မှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ၂၀၂၃ ခုနှစ်၊ မေလ ၃၀ ရက်တွင် ‌ရုံးအမှတ်(၃)၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပြီး ဝန်ကြီးဌာန/ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ သတင်းမီဒီယာများ တက်ရောက်ခဲ့ကြပါသ

တတိယအကြိမ် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ်ရေးဆွဲရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်ခြင်း

တတိယအကြိမ် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ် ရေးဆွဲရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ မေလ ၂၂ ရက်၊ နံနက်ပိုင်းတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ် ဆွေးနွေးညှိနှိုင်းရေးဥက္ကဋ္ဌဖြစ်သူ ဖိလစ်ပိုင်ယှဉ်ပြိုင်မှုကော်မရှင်အဖွဲ့ဝင် Ms. Lolibeth Ramit-Medrano က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ 

အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ယှဉ်ပြိုင်မှုဆိုင်ရာ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

‘‘ဒုတိယအကြိမ် အီးယူ-အာဆီယံ ယှဥ်ပြိုင်မှုဆိုင်ရာ သီတင်းပတ်’’ ဆွေးနွေးပွဲသို့ တက်ရောက်ခြင်း

“ဒုတိယအကြိမ် အီးယူ-အာဆီယံ ယှဥ်ပြိုင်မှုဆိုင်ရာ သီတင်းပတ်” ဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ မေလ ၈ ရက်နှင့် ၉ ရက်တို့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ လူကိုယ်တိုင် (In- Person) နှင့် Virtual စနစ်တို့ဖြင့် (Hybrid) ပုံစံ ကျင်းပပြုလုပ်ခဲ့ပါသည်။

           ဥရောပသမဂ္ဂ(အီးယူ)နှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား ယှဉ်ပြိုင်မှုမူဝါဒနှင့် ဥပဒေဆိုင်ရာ အပြန်အလှန်ဆွေးနွေးမှုများကို အထောက်အပံ့ပေးရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်း ဖြစ်ပါသည်။

အာဆီယံ - တရုတ် လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်၏ ဒုတိယအကြိမ် ယှဉ်ပြိုင်မှုနှင့် စားသုံးသူအကာကွယ်ပေးရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့် အစည်းအဝေးအတွက် အာဆီယံတွင်း ညှိနှိုင်းဆွေးနွေးပွဲ တက်ရောက်ခြင်း

အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် (ASEAN-China Free Trade Agreement-ACFTA) ညှိနှိုင်းဆွေးနွေးမှုများ၏ ဒုတိယအကြိမ် ယှဉ်ပြိုင်မှုနှင့်စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့် အစည်းအဝေး(2st ACFTA WGCC) အတွက် အာဆီယံတွင်း ညှိနှိုင်းဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ မေလ ၄ ရက်တွင် အွန်လိုင်းမှ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

Thursday Talk ဆွေးနွေးပွဲ

၂၀၂၃ ခုနှစ်၊ မေလ ၂ ရက်

၁။         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ရုံးအမှတ် (၃)၊ ညီလာခံခန်းမ၌  Thursday Talk ဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ ဧပြီလ (၂၇) ရက်၊ ကြာသပတေးနေ့ နံနက် (၁၀:၀၀) နာရီမှ (၁၁:၃၀) နာရီအချိန်ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

ကွန်ပျူတာ အခြေခံအသုံးပြုမှု သင်တန်းအမှတ်စဉ် (၁/၂၀၂၃)

၁။      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန ကွန်ပျူတာ အခြေခံအသုံးပြုမှု သင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းကို ၂၀၂၃ ခုနှစ်၊ ဧပြီလ (၂၄) ရက်နေ့ နံနက် (၁၀) နာရီအချိန်တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။

၂။       လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ရေးဆွဲထားရှိသည့် သင်တန်းများ အနက် ဧပြီလအတွင်း ဖွင့်လှစ်မည့် ကွန်ပျူတာအခြေခံအသုံးပြုမှုသင်တန်းအမှတ်စဉ်(၁/၂၀၂၃) အား ကုန်သွယ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများအား ကွန်ပျုတာအသုံးပြုမှု အရည်အချင်းတိုးတက်စေရန်  ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ပါသည်။

အာဆီယံ - တရုတ် လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်၏ ပထမအကြိမ် ယှဉ်ပြိုင်မှုနှင့် စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့် အစည်းအဝေးတက်ရောက်ခြင်း

အာဆီယံ - တရုတ် လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် ( ASEAN – China Free Trade Agreement – ACFTA ) ညှိနှိုင်းဆွေးနွေးမှုများ၏ ပထမအကြိမ်ယှဉ်ပြိုင်မှုနှင့် စားသုံးသူအကာအကွယ် ပေးရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့် အစည်းအဝေး ( 1st ACFTA WGCC) ကို ၂၀၂၃ ခုနှစ်၊ ဧပြီလ (၁၂) ရက်၊ နံနက်ပိုင်းတွင်  အွန်လိုင်းမှ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်နိုင်ငံယှဉ်ပြိုင်မှုကဏ္ဍမှ ကိုယ်စားလှယ်များ၊ စားသုံးသူ အကာအကွယ်ပေးရေးကဏ္ဍမှ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ စုစုပေါင်း ( ၅၀ )ဦးခန့် တက်ရောက်ခဲ့ကြပါသည်။