လက်ရှိ ကမ္ဘာ့ကုန်သွယ်မှု၏ ၉၀ % ကျော်သည် အားနည်းချက်များနှင့် အခွင့်အလမ်းများ ပြန်လည်ပုံဖော်နေရသဖြင့် ငွေကြေးထောက်ပံ့မှုအပေါ် မှီခိုနေကြောင်း ကုလသမဂ္ဂကုန်သွယ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့က ဆို

 

အမေရိကန်၏ အခွန်စည်းကြပ်မှုအသစ်များကို ရှောင်ရှားလိုသော ကြိုတင်သင်္ဘောတင်မှုများနှင့် ဉာဏ်ရည်တုနည်းပညာတွင် တိုးမြှင့်ရင်းနှီး မြှုပ်နှံမှုများကြောင့် ၂၀၂၅ ခုနှစ်အတွင်း ကမ္ဘာ့ကုန်သွယ် မှုသည် ပြန်လည်ဦးမော့လာခဲ့သည်။ သို့သော် အဆိုပါယာယီတိုးတက်မှုများကို ဖယ်ရှားလိုက်ပါက ၂၀၂၅ ၏ ပထမနှစ်ဝက်တွင် ကုန်သွယ်မှုတိုးတက်မှုသည် ၄ မှ ၂.၅ နှင့် ၃ ကြားသို့ ကျဆင်းသွားခဲ့ပါသည်။

ကုန်သွယ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အစီရင်ခံစာ ၂၀၂၅ အရ ကမ္ဘာ့စီးပွားရေး တိုးတက်မှုနှုန်းသည် ၂၀၂၄ ခုနှစ်တွင် ၂.၉ မှ ၂၀၂၅ နှင့် ၂၀၂၆ ခုနှစ်များတွင် ၂.၆ သို့ ကျဆင်းနိုင်ကြောင်း ခန့်မှန်းထားပြီး အဆိုပါနှုန်းသည် ကိုဗစ်ကပ်ရောဂါမတိုင်မီက တိုးတက်မှုနှုန်း ၃% နှင့် ၂၀၀၈ - ၂၀၀၉ ငွေကြေးအကျပ်အတည်းမတိုင်မီက တိုးတက်မှုနှုန်း ၄.၄ထက်လျော့နည်း​ကြောင်း ဖော်ပြထားပါသည်။

စီးပွားရေးအင်အားကြီးနိုင်ငံများ၏ တိုးတက်မှုနှုန်းလည်း ကျဆင်းလျက်ရှိပြီး အမေရိကန်သည် ၂၀၂၅ ခုနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်း ၁.၈ ရှိခဲ့ရာမှ ၂၀၂၆ ခုနှစ်တွင် ၁.၅ သို့လည်းကောင်း၊ တရုတ်သည် ၂၀၂၅ ခုနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်း ၅ ရှိခဲ့ရာမှ ၂၀၂၆ ခုနှစ်တွင် ၄.၆ သို့ လည်းကောင်း ကျဆင်းမည်ဟု ခန့်မှန်းထားပါသည်။

ကမ္ဘာ့ကုန်သွယ်မှုနှင့်ငွေကြေးစနစ်သည် တစ်ပြိုင်နက်တည်းရွေ့လျားနေမှုကြောင့် လက်ရှိ ကမ္ဘာ့ကုန်သွယ်မှု၏ ၉၀ ကျော်သည် ကုန်သွယ်မှုအပေါ်အထောက်အပံ့ပေးမှုကို မှီခိုနေရပြီး ဘဏ်များ၊ ငွေပေးချေမှုစနစ်များနှင့် ငွေကြေးစာချုပ်များက ကုန်သွယ်မှုအပေါ် အချိန်နှင့်တပြေးညီ သက်ရောက်လျက်ရှိရာ အတိုးနှုန်းပြောင်းလဲမှုများနှင့် ရင်းနှီးမြှုပ်နှံသူများ၏ သဘောထားအပြောင်းအလဲများကြောင့် ကုန်သွယ်မှုသည် ပိုမိုထိခိုက်လွယ်လာပါသည်။          

ကုန်သွယ်မှုနှင့် ငွေကြေးစနစ်ဆက်စပ်မှုသည် စားသောက်ကုန်လုပ်ငန်းတွင် ပိုမိုသိသာပါသည်။ အဓိကစားသောက်ကုန် ရောင်းဝယ်ရေးကုမ္ပဏီများ၏ ဝင်ငွေ၏ ၇၅ ကျော်သည် ဂျုံ၊ ကော်ဖီ၊ ကိုကိုး သို့မဟုတ် အခြားလယ်ယာထွက်ကုန်များ ရောင်းချခြင်းကြောင့်မဟုတ်ဘဲ စိုက်ပျိုးရေးဆိုင်ရာ ငွေကြေးစာချုပ်များမှ ရရှိခဲ့ပါသည်။

ကုန်သွယ်မှုတွင် ငွေကြေးအခန်းကဏ္ဍ ကြီးထွားလာခြင်းက ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အမှန်တကယ် အားနည်းစေပါသည်။ ငွေကြေးအတက် အကျ (currency swing) ကြောင့် သွင်းကုန်နှင့် ကြွေးမြီဈေးနှုန်းများ မြင့်မားခြင်း၊ ကမ္ဘာအနှံ့ စွန့်စားရမှု အပြောင်းအလဲများကြောင့် အကြွေးလျော့ ခြင်း၊ ငွေကြေးဈေးကွက်မတည်ငြိမ်မှုက ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဈေးကွက်အား တခါတရံ ထိခိုက်စေခြင်းများ တွေ့ကြုံရပါသည်။

ဈေးနှုန်းအတက်အကျသည် လက်တွေ့စီးပွားရေးအခြေအနေထက် ငွေကြေးဈေးကွက်ကြောင့် ဖြစ်နေပါက ၎င်းတို့ကို ကစားသူများလည်း မျှတစွာကစားနိုင်မည်မဟုတ်ပေ။ ကုလသမဂ္ဂကုန်သွယ်မှု နှင့်ဖွံ့ဖြိုးတိုးတက်ရေး အစီရင်ခံစာအရ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကမ္ဘာ့စီးပွားရေးအပေါ်မှီခိုနေမှုနှင့် ကမ္ဘာ့ငွေကြေးဈေးကွက်များတွင် ၎င်းတို့၏ အခန်းကဏ္ဍနည်းပါးမှုမှာ ပိုမိုကျယ်ပြန့်လာကြောင်း  မီးမောင်းထိုးပြထားသည်။ လက်ရှိ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ထုတ်လုပ်မှုသည် ကမ္ဘာ့ကုန်စည် ထုတ်လုပ်မှု၏ ၄၀ နှင့် ကမ္ဘာ့နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI)  ၆၀ နီးပါးဆွဲဆောင်ထားသော်လည်း ကမ္ဘာ့ငွေကြေးဈေးကွက်တန်ဖိုး၏ ၂၅ သာ ပါဝင်နိုင်ကြောင်း ဖော်ပြထားသည်။

ဖွံ့ဖြိုးဆဲနိုင်ငံများ၏ သေးငယ်ပြီး ငွေပေါ်ရန် ခက်ခဲသောငွေကြေးဈေးကွက်များကြောင့် ကုမ္ပဏီများမှ ငွေစုရန် ပိုမိုခက်ခဲစေသည်။ ဖွံ့ဖြိုးဆဲနိုင်ငံအများစုသည် နိုင်ငံခြားဘဏ်များကို မှီခို နေရဆဲဖြစ်ပြီး မြင့်မားသော အတိုးနှုန်း ပေးနေရပါသည်။ စီးပွားရေးအင်အားကြီး နိုင်ငံများက ပုံမှန် အားဖြင့် ၁ % မှ ၄ % အတိုးနှုန်းဖြင့် ငွေချေးနေချိန်တွင် ဖွံ့ဖြိုးဆဲတက်သစ်စနိုင်ငံများက အတိုးနှုန်း ၆ % မှ ၁၂ % ပေးချေကြရပါသည်။ ယင်းသို့ မြင့်မားသောကုန်ကျစရိတ်များက အခြေခံအဆောက်အအုံ၊ ဆန်းသစ်တီထွင်မှုနှင့် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုအတွက် ရင်းနှီးမြှုပ်နှံမှုကို ထိခိုက်စေပါသည်။

ရင်းမြစ်။   https://unctad.org/