ကုန်သွယ်မှုစစ်ပွဲကိုရှောင်ရှားရန် ကမ္ဘာ့နိုင်ငံများအားနိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က သတိပေး

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်အနိုင်ရရှိပြီးဖြစ်သောကြောင့် ကမ္ဘာ့စီးပွားရေးအင်အားကြီး နိုင်ငံများအနေဖြင့် ကျယ်ပြန့်သော အကြောင်းအရာများကိုအခြေခံသော ကုန်သွယ်မှုစစ်ပွဲများလုပ်ဆောင်ပါက ကမ္ဘာ့စီးပွားရေးသည်ပြင်သစ်နှင့်ဂျာမနီနှစ်နိုင်ငံ စုစုပေါင်း စီးပွားရေး ပမာဏလောက်သာရှိတော့မည်ဖြစ်ကြောင်းနိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ပြောကြား ခဲ့သည်။

ထရမ့်က " အကောက်ခွန်သည်အဘိဓာန်တွင် အလှဆုံးစကားလုံးဖြစ်သည် " ဟုပြောကြားခဲ့ပြီး နောက် ကမ္ဘာ့စျေးကွက်တစ်ခုလုံးနှင့် ကမ္ဘာတလွှား ဘဏ္ဍာရေးဝန်ကြီးများက ထရမ့်မည်သို့ဆောင်ရွက်လာမည်ကို အလေးအနက်ထား စဉ်းစားနေကြပြီဖြစ်သည်။အမေရိကန်သို့ တင်သွင်းသည့် ကုန်စည်အားလုံးအပေါ် ၂၀% အထိ အခွန်စည်းကြပ်ရန် ထရမ့်ကစီမံနေကြောင်းနှင့် ဥရောပသမဂ္ဂကလည်း ယင်းသို့အခွန် စည်းကြပ်မှုအသစ်အပေါ် တုံ့ပြန်ရန်စီစဉ်နေကြောင်း သိရှိရသည်။

IMF ၏ ဒုတိယဦးဆောင်ညွှန်ကြားရေးမှူးGita Gopinath က " IMF အနေဖြင့် Trump ကုန်သွယ်မှုအစီအစဉ်များကို အတိအကျ အကဲဖြတ်နိုင်ခြင်း မရှိသေးသော်လည်း ကမ္ဘာ့ကုန်သွယ်မှုမှဖြတ်တောက်ခြင်း(decoupling)နှင့် အကောက်ခွန်ကိုကျယ်ပြန့်စွာ အသုံးပြုခြင်းတို့ကြောင့်ကမ္ဘာ့ GDP ၏ ၇ %  ဆုံးရှုံးနိုင်ကြောင်း၊ အကောက်ခွန်မှ ရငွေဒေါ်လာ ဘီလီယံများစွာသည် လွန်ခဲ့သော နှစ်ပေါင်း၂၀/၃၀ခန့်က ငွေကြေးနှင့် မတူညီတော့ကြောင်း၊ ကမ္ဘာနှင့်အဝှမ်း အစိုးရကြွေးမြီများ လည်း ဖောင်းပွလာနေကြောင်းIMF ၏ နှစ်ပတ်လည်အစည်းအဝေးတွင်ပြောကြားခဲ့သည်။

ဆက်လက်၍ IMF ဒုတိယဦးဆောင်ညွှန်ကြားရေးမှူးက လက်ရှိကမ္ဘာ့စီးပွားရေး တည်ငြိမ်စွာတိုးတက်ချိန်တွင် နိုင်ငံများအနေဖြင့် ဘဏ္ဍာရေး ကြားခံ(buffer)နည်းလမ်းများကိုပြန်လည်ပြင်ဆင်သင့်ကြောင်း၊ ယခုအကျပ်အတည်းသည် နောက်ဆုံးမဟုတ်ပဲ နောက်ဆက်တွဲ အခက်အခဲများ လာနိုင်သဖြင့် ပြန်လည်တုံ့ပြန်ရန် ဘဏ္ဍာရေးနည်းလမ်းများ လိုအပ်မည်ဖြစ်၍ ပြင်ဆင်သင့်သည့်အချိန်ဖြစ်ကြောင်း၊ ကမ္ဘာ့စီးပွားရေးသည်အခက်အခဲများစွာ တွေ့ကြုံပြီးနောက် တည်ငြိမ်နေကြောင်း ၊ ငွေကြေးဖောင်းပွမှုကို လျော့ချရန်ကြိုးပမ်းခဲ့ကြသော်လည်း အလုပ်လက်မဲ့ ပိုမိုများပြားလာခြင်းက ထိခိုက်ခဲ့ကြောင်း၊ သို့သော် စိုးရိမ်သလောက် မဖြစ်လာခဲ့ကြောင်း၊ ဗဟိုဘဏ်များ အနေဖြင့် အလုပ်လက်မဲ့နှုန်းမမြင့်မားဘဲ ငွေကြေးဖောင်းပွမှုကိုလျော့ချရန် ကြိုးပမ်းသင့်ကြောင်း၊ ယခုအချိန်သည် အားနည်နေသော ကမ္ဘာကြီးအား ကြံ့ကြံ့ခံနိုင်ရန် ပြန်လည်တည် ဆောက်ရမည့် ကာလဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ရင်းမြစ်။        ဘီဘီစီ