အာဆီယံစီးပွားရေးတိုးတက်မှုကို နှေးကွေးစေနိုင်သည့် အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ

အရှေ့တောင်အာရှ  နိုင်ငံများအသင်း (ASEAN)သည် အမေရိကန်ပြည်ထောင်စုနှင့်တရုတ်နိုင်ငံတို့ကြား တွင် ဖြစ်ပွားလျက်ရှိသော ကုန်သွယ်ရေးစစ်ပွဲ  (Trade war)ကို မလိုလားပါ ကြောင်း၊ နှစ်နိုင်ငံစလုံးအနေဖြင့် ကိုယ်ကျိုးစီးပွား ကာကွယ်သည့် ကုန်သွယ်ရေးမူဝါဒ (Protectio- nism) ကို မကျင့်သုံးဘဲ လွတ်လပ်သော ကုန်သွယ် ရေး (Free trade)  ကို ဦးစားပေးစေလိုပါကြောင်း ပြောကြားလိုက်သည်။ ၂၀၁၈ ခုနှစ်၊ ဧပြီလ နောက်ဆုံးပတ်တွင် စင်ကာပူနိုင်ငံ၌  ကျင်းပသည့် (၃၂) ကြိမ်မြောက် အာဆီယံထပ်သီးအစည်းအဝေးတွင် ထိုကဲ့သို့ပြောကြားလိုက်ခြင်းဖြစ်သည်။

ကမ္ဘာ့စီးပွားရေး အင်အားအကြီးမားဆုံး  နိုင်ငံ နှစ်နိုင်ငံကြားတွင် ဖြစ်ပွားနေသော ကုန် သွယ်ရေးစစ်ပွဲ၏ ရိုက်ခတ်နိုင်ချေများကို အာဆီယံ ခေါင်းဆောင်များက  သတိထားလျက်ရှိသည်။ ထို့ပြင်အဆိုပါနှစ်နိုင်ငံ အနေဖြင့် ဤပြဿနာကို ကောင်းမွန်စွာ  ကိုင်တွယ်ဖြေရှင်းကြမည်ဖြစ် ကြောင်းလည်းအာဆီယံခေါင်းဆောင် များက သိရှိထားပါသည်။ အမေရိကန်နှင့် တရုတ်နိုင်ငံတို့ သည် အကောက်ခွန်များကို တိုးမြှင့်ကောက်ခံခြင်း အားဖြင့် စီးပွားရေးအရ အပြန်အလှန်တိုက်ခိုက် ခြိမ်းခြောက်လျက်ရှိသည်။ ဤကဲ့သို့ ဖြစ်ပွားနေ ခြင်းသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကို စိန်ခေါ် လျက်ရှိသော ပထဝီဝင်နိုင်ငံရေး (Geopolitical dynamics) နှင့်လည်း ဆက်နွယ်နေကြောင်း တွေ့ရှိရသည်။ကုန်သွယ်ရေးမိတ်ဖက်နှင့် နိုင်ငံရေးမဟာမိတ် အမေရိကန် ပြည်ထောင်စု နှင့် တရုတ်နိုင်ငံတို့သည် အရှေ့တောင်အာရှဒေသအတွက် စီးပွား ရေးအရလည်းကောင်း၊ နိုင်ငံရေးအရ လည်းကောင်း အရေးပါလျက်ရှိသည်။ ထို့ကြောင့် အဆိုပါအင် အားကြီး နှစ်နိုင်ငံကြားတွင် ဖြစ်ပွားလျက်ရှိသော ကုန်သွယ်ရေးပဋိပက္ခက အာဆီယံ၏ ကြီးကျယ် ခမ်းနားသည့်  စီးပွားရေးအသိုက်အဝန်း တည် ထောင်နေမှု အရှိန်အဟုန်ကို ရပ်တန့်နှေးကွေး သွားစေနိုင်သည်။

တရုတ်နိုင်ငံသည် အာဆီယံ၏ အကြီးဆုံး သောကုန်သွယ်ဖက်နိုင်ငံဖြစ်သည်။ အာဆီယံ-တရုတ်လွတ်လပ် သော ကုန်သွယ်မှုဒေသ  (Asean-China Free Trade Areaသည် ကမ္ဘာ့အကြီးဆုံး သော  ကုန်သွယ်မှုဒေသဖြစ်သည်။ အာဆီယံ-တရုတ်ဈေးကွက်သည် လူဦးရေ ၁ ဒသမ ၉ ဘီလျံ ရှိပြီး ၂၀၁၁ ခုနှစ်တွင် စုစုပေါင်း ပြည်တွင်းအသား တင်ထုတ်လုပ်မှုတန်ဖိုး  (GDP) အမေရိကန်ဒေါ်လာ ၉ ဒသမ ၅ ထရီလီယံရှိသည်။ အာဆီယံမှ တရုတ် သို့ အများဆုံးတင်ပို့သော  ကုန်ပစ္စည်းများမှာ လျှပ်စစ်ပစ္စည်း၊ ကွန်ပျူတာနှင့်စက်ပစ္စည်း၊ စက်ဆီ၊ ချောဆီနှင့် ရေနံထွက်ပစ္စည်းများ၊ အော်ဂဲနစ်ဓာတု ပစ္စည်းများ၊ စားသုံးဆီနှင့် ရော်ဘာတို့ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် အာဆီယံ-တရုတ် ကုန်သွယ်မှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၄၆ ဘီလျံနီးပါးရှိ ပြီး အာဆီယံ၏ စုစုပေါင်းကုန်သွယ်မှု တန်ဖိုး၏ ၁၅ ဒသမ ၂ ရာခိုင်နှုန်းရှိပါသည်။အမေရိကန်သည်  အာဆီယံ၏ စတုတ္ထ အကြီးမားဆုံးသော ကုန်သွယ်ဖက်နိုင်ငံဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် အာဆီယံနှင့် အမေရိကန်ကုန်သွယ်ခဲ့သောတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၁၂ ဒသမ ၃၄ ဘီလျံရှိပြီး အာဆီယံ၏ စုစုပေါင်း ကုန် သွယ်မှုတန်ဖိုး၏ ၉ ဒသမ ၄ ရာခိုင်နှုန်းရှိပါသည်။ အာဆီယံမှ အမေရိကန်သို့  တင်ပို့သော ကုန်စည် အများစုမှာ လျှပ်စစ်ပစ္စည်း၊ ကွန်ပျူတာနှင့် စက် ပစ္စည်း၊ ဇာထိုးနှင့် ချည်ထည်အဝတ်အစားအပြင် ရော်ဘာတို့ ဖြစ်သည်။ အမေရိကန်မှ အာဆီယံသို့တင်ပို့သောကုန်စည် အများစုမှာ လေယာဉ်၊ လောင် စာဆီ၊ စက်သုံးဆီ၊ မျက်မှန်နှင့် ဆေးဝါးပစ္စည်းများ ဖြစ်သည်။

ထို့ကြောင့် အာဆီယံခေါင်းဆောင်များသည် အမေရိကန်နှင့် တရုတ်ကြားဖြစ်ပွားနေသော ကုန် သွယ်ရေးစစ်ပွဲကို အာရုံစိုက်လျက်ရှိသည်။ ထို့ပြင် အာဆီယံခေါင်းဆောင်များသည် အမေရိကန်နှင့် တရုတ်နိုင်ငံ တို့အား  လက်ရှိအကောက်ခွန်နှုန်း ထားသစ်များကို လျှော့ချရေးနှင့် အပြည်ပြည်ဆိုင် ရာကုန်သွယ်မှု စည်းမျဉ်းစည်းကမ်းများ လေးစား လိုက်နာရေးကိုလည်း တိုက်တွန်းခဲ့သည်။ အထူး သဖြင့် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့က  ချမှတ်ထား သော နိုင်ငံစုံကုန်သွယ်မှုစနစ်ဆိုင်ရာ စည်းကမ်း သတ်မှတ်ချက်များကို  လိုက်နာစေပြီး လက်ရှိ ပြဿနာကို ဖြေရှင်းရန် တိုက်တွန်းခဲ့ကြသည်။ အာဆီယံသည် ဤပြဿနာကို အာရုံစိုက်စောင့် ကြည့်လျက်ရှိပါသည်။  အဘယ်ကြောင့်ဆိုသော် အမေရိကန်နှင့် တရုတ်နိုင်ငံတို့သည် အာဆီယံ၏ကုန်သွယ် ရေးမိတ်ဖက်များ (Trading Partners) သာမက နိုင်ငံရေးမဟာမိတ်များ (Political allies)လည်းဖြစ်သော ကြောင့် ဖြစ်ပါသည်။ကုန်သွယ်ရေးစစ်ပွဲ၏ ဆိုးကျိုးများအရှေ့တောင်အာရှဒေသ၏ စီးပွားရေးတိုး တက်မှုကို ရိုက်ခတ်နိုင်သောကြောင့် အမေရိကန် နှင့် တရုတ်ကြား စီးပွားဆက်ဆံရေးမပြေလည်မှုကို အာဆီယံ ခေါင်းဆောင်များက ဝိုင်းဝန်းအဖြေရှာ လျက်ရှိပါသည်။ အထူးသဖြင့် အာဆီယံသည် တရုတ်နိုင်ငံအပါအဝင် နိုင်ငံ ခြောက်နိုင်ငံနှင့် ကုန် သွယ်ရေးပေါင်းစည်းမှုကို အရှိန်မြှင့်တင် ဆောင် ရွက်နေသောကြောင့်ဖြစ်သည်။ တစ်နည်းအားဖြင့် နိုင်ငံ ၁၆ နိုင်ငံပါဝင်သော ဒေသဆိုင်ရာဘက်စုံ စီးပွားရေးပူးပေါင်းမှု (Regional Comprehensive Economic Partnership-RCEP) ကိုအကောင်အထည်ဖော်ရန် ကြိုးစားနေခြင်း ကြောင့်ဖြစ်သည်။

ထိုမျှသာမက ဖိလစ်ပိုင်အပါအဝင် အချို့ သော အာဆီယံအဖွဲ့ဝင်နိုင်ငံများက အမေရိကန် ပြည်ထောင်စုနှင့်  လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက်များထားရှိပြီး အခွင့်အရေးများ ရယူရန် ကြိုးပမ်းလျက်ရှိသည်။ နိုင်ငံကြီး နှစ်နိုင်ငံ ကြား ကုန်သွယ်ရေးစစ်ပွဲ၏  ဆိုးကျိုးများအဖြစ် စီးပွားရေးတုံ့နှေးခြင်း၊ ပို့ကုန်ပမာဏကျဆင်းခြင်း၊ အရောင်းအဝယ်ပြုလုပ်သည့်စရိတ် ကြီးမြင့်ခြင်း နှင့် အလုပ်အကိုင်ရရှိမှု ကျဆင်းခြင်းတို့ကို တွေ့ မြင်လာပါမည်။ “ဒီစစ်ပွဲက အာဆီယံဒေသတစ်ခု လုံးရဲ့ စီးပွားရေးတိုးတက်နေတဲ့   အရှိန်ကို ပြိုကွဲ ပျက်စီးစေနိုင်ပါတယ်။  အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံချင်းရဲ့ တိုးတက်မှုကိုလည်း တားဆီးပိတ် ပင်ရာ ရောက်ပါတယ်။ အာဆီယံဟာ  ပို့ကုန်ကို အားထားနေရတဲ့ ဒေသဖြစ်ပါတယ်။ အာဆီယံရဲ့ ရေရှည်တိုးတက်မှုဟာလည်း ကမ္ဘာတစ်ဝန်းချိတ် ဆက်မှုတွေနဲ့ ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးပြောင်းလဲမှု ကွင်းဆက်  (Global value chain) အပေါ်မှာအများ ကြီးမှီခိုနေပါတယ်”ဟူ၍ ဖိလစ်ပိုင်နိုင်ငံ၊ စက်မှုနှင့် ကုန်သွယ်ရေးဦးစီးဌာန၊ ဒေသဆိုင်ရာဆက်ဆံရေး ဌာနခွဲမှူး Myrene C.Bedano က ပြောကြားပါ သည်။

အမေရိကန်သမ္မတ   Donald J. Trump က သံမဏိနှင့်  အလူမီနီယံ  သွင်းကုန်များအပေါ် အကောက် ခွန်တိုးမြှင့် ကောက်ခံရာမှ ကုန်သွယ် ရေးစစ်ပွဲမီးပွား  စတင်လွင့်စင်လာခြင်းဖြစ်သည်။ ဤအချက်က အမေရိကန်သမ္မတ၏ ကိုယ်ကျိုးစီး ပွားကာကွယ်သည့် ရပ်တည်ချက်ကို ပိုမိုခိုင်မာအား ကောင်းစေခဲ့သည်။ အမေရိကန်သမ္မတက သံမဏိ တင်သွင်းမှုအပေါ် ၂၅ ရာခိုင်နှုန်းနှင့် အလူမီနီယံ တင်သွင်းမှုအပေါ် ၁၀ ရာခိုင်နှုန်း ကောက်ခံရန် အတည်ပြုခဲ့သည်။ ဤပေါ်လစီက ကမ္ဘာလုံးဆိုင် ရာ ကုန်သွယ်ရေးကို  ဆိုးကျိုး (Adverse effect) သက်ရောက်စေနိုင်သည်။ အဘယ်ကြောင့်ဆိုသော် အမေရိကန်ပြည်ထောင်စုသည်   ကမ္ဘာ့သံမဏိ အများဆုံး တင်သွင်းသော နိုင်ငံဖြစ်ပါသည်။အမေရိကန်ပြည်ထောင်စုသည်  ၂၀၁၆  ခုနှစ်တွင် ကမ္ဘာ့စုစုပေါင်း   သံမဏိတင်သွင်းမှု တန်ဖိုး၏ ၈ ရာခိုင်နှုန်းခန့်တင်သွင်းခဲ့သည်။ သံမဏိတင်သွင်းမှုပမာဏ အရ ကမ္ဘာ့ဒုတိယနှင့် တတိယ အများဆုံး တင်သွင်းနေသော ဂျာမဏီနှင့် တောင် ကိုရီးယားနိုင်ငံတို့ထက် ၁၅ ရာခိုင်နှုန်းကျော် ပိုမို တင်သွင်းလျက်ရှိပါသည်။

ထို့ကြောင့် ၂၀၁၈ ခုနှစ်၊ ဧပြီလဆန်းပိုင်းတွင် တရုတ်နိုင်ငံက အမေရိကန်နိုင်ငံကို လက်တုံ့ပြန် သည့်အနေဖြင့် အမေရိကန်ထုတ်ကုန် ၁၀၆ မျိုး အပေါ် အကောက်ခွန်တိုးမြှင့်ကောက်ခံမည်ဖြစ် ကြောင်းကြေညာခဲ့သည်။ တရုတ်နိုင်ငံသည် အမေ ရိကန်နိုင်ငံထံမှ နှစ်စဉ်ဝယ်ယူတင်သွင်းနေသော အမေရိကန်ထုတ်ကုန်များ၏  တန်ဖိုးစုစုပေါင်း ဒေါ်လာ ၅၀ ဘီလျံဖိုးအပေါ် အကောက်ခွန်တိုးမြှင့် ကောက်ခံရန် ရည်ရွယ်ထားသည်။

ထို့ပြင် အာရှတိုက်၏ စီးပွားရေးအင်အား ကြီးဖြစ်သော  တရုတ်နိုင်ငံသည် အမေရိကန်၏ သံမဏိနှင့်   အလူမီနီယံထုတ်ကုန်များအပေါ် အကောက်ခွန်တိုးမြှင့်ခြင်းကို ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ WTO ထံတင်ပြ ထားသည်။ ထိုကဲ့သို့ ကောက်ခံခြင်းသည် ၁၉၉၄ ခုနှစ် ကုန်သွယ်ရေးနှင့် အကောက်ခွန်ဆိုင်ရာ    သဘောတူညီချက် (General Agreement on Tariffs and Trade of 1994) ကိုလည်းကောင်း၊ သွင်းကုန်များ၏ ရိုက် ခတ်မှုဒဏ်ကို ကာကွယ်သည့် သဘောတူညီချက် (Agreement on Safeguards)

ကိုလည်းကောင်း ချိုးဖောက်ခြင်းဖြစ်ကြောင်း တရုတ်က အမေရိကန် ကို စွပ်စွဲထားသည်။

အာဆီယံခေါင်းဆောင်များသည် အမေ ရိကန်-တရုတ် ကုန်သွယ်ရေးပဋိပက္ခအပြင်RCEP ဟူသော ဒေသဆိုင်ရာပေါင်းစည်းမှု ပိုမိုတိုးတက် ရေးနှင့် ရှေ့လုပ်ငန်းစဉ်များကိုဆွေးနွေးခဲ့ ကြသည်။RCEP သည် သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်နှင့်  တောင်ကိုရီးယားတို့ ပါဝင်ပြီး အာဆီယံက ဦးဆောင်သည့် ဒေသဆိုင်ရာကုန် သွယ်မှုမြှင့်တင်ရေးအဖွဲ့ဖြစ်သည်။ RCEPသည် အာဆီယံနှင့် ဖော်ပြပါ ခြောက်နိုင်ငံကြား လွတ် လပ်သောကုန်သွယ်ရေး (Bilateral FTA)ကို ပိုမို မြှင့်တင်ရန်ရည်ရွယ်သည်။ ၂၀၁၆ ခုနှစ်တွင်RCEPနိုင်ငံများ၏ စုစုပေါင်းလူဦးရေမှာ ၃ ဒသမ ၅၃ ဘီလျံရှိပြီး စုစုပေါင်း  GDP မှာ အမေရိကန် ဒေါ်လာ ၂၃ ဒသမ ၈ ထရီလီယံရှိလျက် လူတစ်ဦး ချင်းဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၆၇၅၉ ဒေါ်လာ ရှိပါသည်။(၃၂)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်း အဝေးတွင်   အာဆီယံခေါင်းဆောင်များသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ စိန်ခေါ်မှုနှင့် ဘေး အန္တရာယ်များကို တုံ့ပြန်နိုင်စွမ်း (Resiliency) နှင့်  ဆန်းသစ်ပြောင်းလဲမှု   (Innovation)) တို့ကို အလေးထား ဆွေးနွေးခဲ့ကြသည်။ အဘယ်ကြောင့် ဆိုသော် ယနေ့ကမ္ဘာကြီးသည်  နိုင်ငံရေးနှင့် စီးပွား ရေး စိန်ခေါ်မှုသစ်များကို ရင်ဆိုင်နေရသည့်ကာလ ဖြစ်သောကြောင့် ဖြစ်ပါသည်။

 

Soruce:businessmirror