တောင်ကိုရီးယားနိုင်ငံ၏ ပို့ကုန်တင်ပို့မှုတိုးတက်မှုနှုန်း အရှိန်နှေးကွေးလာ

Fri, 08/09/2024 - 04:27 -- wtodep

တောင်ကိုရီးယားနိုင်ငံ၏ ပို့ကုန်တင်ပို့မှုတိုးတက်မှုနှုန်းသည် ဇူလိုင်လတွင် ကျဆင်းခဲ့ကြောင်းနှင့်  ယခုနှစ်အစောပိုင်းတွင် ဉာဏ်ရည်တု (AI) နှင့် နည်းပညာကဏ္ဍများတွင် အရှိန်အဟုန်ဖြင့် တိုးတက်လာပြီးနောက် ကမ္ဘာ့ဝယ်လိုအား ကျဆင်းလာနိုင်ကြောင်း အကြံပြုထားကြသည်ကို Business Times သတင်းဌာနက ဖော်ပြထားပါသည်။

တောင်ကိုရီးယားနိုင်ငံ အကောက်ခွန်ရုံး၏ ဩဂုတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည့် အချက်အလက်များအရ အလုပ်လုပ်ရက်ကွာခြားမှုများရှိသော်လည်း အစောပိုင်းနှစ်ကုန်တင်ပို့မှု တွင် ၇.၁ ရာခိုင်နှုန်း တိုးလာခဲ့ပြီး၊ ဇွန်လတွင် တိုးတက်မှုရာခိုင်နှုန်းမှာ အရှိန်လျှော့ကျလာကြောင်း၊ စုစုပေါင်းပို့ကုန်တင်ပို့မှုသည် ၁၃.၉ ရာခိုင်နှုန်းဖြစ်ပြီး  မျှော်မှန်းထားသလောက် တိုးတက်မှုမရှိခဲ့ကြောင်းနှင့် စုစုပေါင်းသွင်းကုန်ပမာဏသည် ၁၀.၅ ရာခိုင်နှုန်းတိုးလာခဲ့သော်လည်း ခန့်မှန်းထားသည်ထက် အနည်းငယ်လျော့နည်းခဲ့ခြင်းတို့ကြောင့် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံရရှိခဲ့ကြောင်း အမှန်စာရင်းများအရ တွေ့ရှိရပါသည်။

ပို့ကုန်များတင်ပို့မှုမြှင့်တင်နိုင်ရေးသည် ၂၀၂၄ ခုနှစ်၊ ဒုတိယနှစ်ဝက်တွင် တောင်ကိုရီးယား နိုင်ငံ၏ စီးပွားရေး ၂ ရာခိုင်နှုန်းပြန်လည် တိုးတက်ကောင်းမွန်လာအောင်ဆောင်ရွက်ရာတွင် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်ပါကြောင်း၊ ယခုနှစ်အစတွင် မျှော်မှန်းထားသည့်အခြေအနေများထက် ပိုမိုအားကောင်းသည့် အစီအစဉ်များ ရေးဆွဲဆောင်ရွက်ခဲ့သော်လည်း ပြီးခဲ့သည့်သုံးလပတ်တွင် စီးပွားရေးကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။

နိုင်ငံ၏ စီးပွားရေးပြန်လည်အားကောင်းလာစေရန် စီးပွားရေးမူဝါဒများဖြင့် အဓိကဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ပြီး စီးပွားရေးတိုးတက်မှုနှုန်းသည် ယခင်အတိုင်းရှိနေမည်ဖြစ်ကြောင်း မူဝါဒချမှတ်သူများက ပြောကြားထားပါသည်။ တောင်ကိုရီးယားဗဟိုဘဏ်က လာမည့်ပထမနှစ်ဝက်တွင် ကမ္ဘာလုံးဆိုင်ရာချစ်ပ်ပြားထုတ်လုပ်မှုစုဝေးပွဲကို ဆက်လက်ကျင်းပရန် မျှော်လင့်ထားကြောင်းနှင့် အစိုးရတာဝန်ရှိသူများကလည်း စီးပွားရေးဈေးကွက်ရှိ အခြားကဏ္ဍများကိုပါ တိုးချဲ့ဆောင်ရွက်သွားနိုင်ရေး ပို့ကုန်တင်ပို့မှုပြန်လည်အားကောင်းလာရန် မျှော်လင့်လျက်ရှိပါသည်။

ဆမ်ဆောင်းအီလက်ထရောနစ်၏ အစီရင်ခံစာအရ ဒုတိယနှစ်ဝက်ချစ်ပ်ပြားထုတ်လုပ်မှုအမြတ်ငွေသည် ယခင်နှစ်ကထက် ၁၅ ဆတိုးလာခဲ့ကြောင်း၊ အခြားသောအဓိကချစ်ပ်ပြားထုတ်လုပ်သူ SK Hynix ကလည်း ၎င်း၏ ဒုတိယသုံးလပတ်ဝင်ငွေသည် ၂ ဆကျော်တိုးလာပြီး ယခုနှစ်တွင် လုပ်ငန်းမတည်မှုကုန်ကျစရိတ်သည် အစောပိုင်းအစီအစဉ်များထက် ပိုမိုကုန်ကျနိုင်ကြောင်း ပြောကြားထားပါသည်။

Source: https://www.businesstimes.com.sg/international/south-koreas-export-growth-slows-sign-bumpy-momentum

WTO ဌာနခွဲ

ကုန်သွယ်ရေးဦးစီးဌာန

International Trade News

Pages