ငွေကြေးဖောင်းပွမှုနှုန်း နှေးကွေးခြင်းနှင့် မသေချာသောမူဝါဒများ ပိုမိုများပြားလာမှုကြားမှ ကမ္ဘာ့ စီးပွားရေးတိုးတက်မှု တည်ငြိမ်

Mon, 07/22/2024 - 07:16 -- wtodep

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က ဇူလိုင်လတွင် ထုတ်ပြန်သော ကမ္ဘာ့စီးပွားရေးတိုးတက်မှု အလား အလာ( World Economic Outlook) အရ  ကမ္ဘာ့စီးပွားရေးသည် ယခုနှစ်တွင် ၃.၂ % နှင့် လာမည့်နှစ် တွင် ၃.၃ % တိုးတက်မည်ဟု ခန့်မှန်းထားပါသည်။

ဖွံ့ဖြိုးပြီးနိုင်ငံများသည် ထုတ်လုပ်မှုကွာဟချက် နည်းပါးသဖြင့် ပိုမိုညီမျှစွာ စီးပွားရေးတိုးတက်နေကာ အာရှဖွံ့ဖြိုးဆဲနိုင်ငံများသည် ကမ္ဘာ့စီးပွားရေးအတွက် အဓိကမောင်းနှင်အားအဖြစ် ဆက်လက်ရပ် တည်နေပါသည်။ အိန္ဒိယနှင့် တရုတ်တို့၏ စီးပွားရေးသည် အတက်ဘက်သို့ ပြန်လည်ညွှန်ပြနေပြီး ကမ္ဘာ့စီးပွားရေးတိုးတက်မှု၏ ထက်ဝက်နီးပါးရှိပါသည်။ လာမည့်ငါးနှစ်အတွင်း အာရှတွင် တိုးတက်မှု အရှိန်လျော့သွားနိုင်ခြင်းကြောင့် ကမ္ဘာ့စီးပွားရေးတိုးတက်မှုအလားအလာ အားနည်းနေဆဲဖြစ်သည်။ ၂၀၂၉ ခုနှစ်တွင် တရုတ်နိုင်ငံ၏ တိုးတက်မှုနှုန်းသည် လက်ရှိ အရှိန်ထက် အနည်းငယ်လျော့၍ ၃.၃  % အထိ ရှိမည်ဟု ခန့်မှန်းထားသည်။ ဧပြီလက ခန့်မှန်းထားသကဲ့သို့ ပြီးခဲ့သည့်နှစ်က ၆.၇% ရှိခဲ့သော ကမ္ဘာ့ငွေကြေးဖောင်းပွမှုမှာ ယခုနှစ် တွင် ၅.၉ % သို့ နှေးကွေးသွားမည်ဖြစ်ပါသည်။

စွန့်စားရမှုများ မျှတစွာရှိသော်လည်း  ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ငွေကြေးဖောင်းပွမှုနှုန်း ကျဆင်းနေသော ကြောင့် ဗဟိုဘဏ်အပါအဝင် ဘဏ်များအနေဖြင့် ချေးငွေကုန်ကျစရိတ်ပိုမိုမြင့်မားနေစေရန် ဆောင် ရွက်လာနိုင်ကြောင်း၊ ယင်းက ဒေါ်လာအပေါ် ဖိအားများလာစေခြင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ဘေး ထွက်ဆိုးကျိုးများဖြစ်ပေါ်စေခြင်းနှင့် ထိုမှတဆင့် ကမ္ဘာ့စီးပွားရေးတိုးတက်မှုကို အန္တရာယ်ဖြစ်စေနိုင် ပါသည်။ ယေဘုယျအားဖြင့် ငွေကြေးဖောင်းပွမှု ကျဆင်းနေသော်လည်း စွမ်းအင်နှင့်စားနပ်ရိက္ခာ စျေးနှုန်းဖောင်းပွမှုသည် နိုင်ငံအများအပြား၌ ဖြစ်ပွားနေပါသည်။ ဝန်ဆောင်မှုထက် ကုန်စည်စျေးနှုန်း က ပိုမိုကြီးမြင့်နေသဖြင့် လုပ်ခလစာနှင့် ဝန်ဆောင်မှုဈေးနှုန်းတွင် ဖိအားများဖြစ်စေပါသည်။

ဒုတိယအနေဖြင့် ဘဏ္ဍာရေးဆိုင်ရာစိန်ခေါ်မှုများကို တိုက်ရိုက်ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ပါသည်။ နိုင်ငံအများစု၌ ပြည်သူ့ဘဏ္ဍာကို လက်ရှိအရေးကြီးသည့် ရာသီဥတုပြောင်းလဲမှု သို့မဟုတ် နိုင်ငံ တော်နှင့် စွမ်းအင်လုံခြုံရေးကဲ့သို့သော လိုအပ်ချက်များတွင် သုံးစွဲနေကြပါသည်။ ပို၍အရေးကြီးသည် မှာ ငွေကြေးရင်းမြစ်များကို မမျှော်လင့်သော ရိုက်ခတ်မှုများ ဖြေရှင်းရန်အတွက် လိုအပ်လျက်ရှိရာ အမေရိကန်ကဲ့သို့ အလုပ်အကိုင်အပြည့်အ၀ရှိသော နိုင်ငံပင် ၎င်း၏ကြွေးမြီနှင့် GDP အချိုးကို ပုံမှန် မြင့်မားအောင် တွန်းအားပေးသည့် ငွေကြေးမူဝါဒချမှတ်ထားပါသည်။ အကြွေးများလာသည်နှင့် အမျှ တိုးတက်မှု နှေးကွေးခြင်းနှင့် ဘဏ္ဍာရေးလိုငွေပြမှုများဖြစ်ပွားကာ အထူးသဖြင့် အစိုးရငွေချေးစာချုပ် များ ဖြန့်ကြက်မှု ပိုမိုမြင့်မားသည့်နိုင်ငံများတွင် ဘဏ္ဍာရေးတည်ငြိမ်မှု အားနည်းစေပါသည်။

မရေရာသော စီးပွားရေးမူဝါဒများက ဘဏ္ဍာရေးဆိုင်ရာ စိန်ခေါ်မှုများထက် ကျော်လွန်နေပြီး နိုင်ငံစုံ ကုန်သွယ်မှုစနစ်အား ဖြည်းဖြည်းချင်း အားနည်းစေကာ စိုးရိမ်ပူပန်စရာဖြစ်လာပါသည်။  ယခုအခါ နိုင်ငံ များသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းများနှင့်မကိုက်ညီသော တစ်ဖက်သတ်အကောက်ခွန် များ ကောက်ခံခြင်း သို့မဟုတ် စက်မှုမူဝါဒဆိုင်ရာ နည်းလမ်းများချမှတ်ခြင်းတို့ ဆောင်ရွက်လာရာ ရေရှည်တည်တံ့သော ကမ္ဘာ့တိုးတက်မှုကို ပေးစွမ်းနိုင်ဖွယ်မရှိသည့်အပြင် ရာသီဥတုပြောင်းလဲခြင်း ကဲ့သို့သော ကမ္ဘာ့စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းသည့် မူဝါဒများညှိနှိုင်းဆောင်ရွက်ရန် ပိုမိုခက်ခဲ စေမည်ဖြစ်သည်။

နိုင်ငံအတွင်း အရင်းအမြစ်များအား ပိုမိုထိရောက်စွာ ခွဲဝေချထားခြင်း၊ ပိုမိုကောင်းမွန်သော ပညာရေး အခွင့်အလမ်းများနှင့် တန်းတူညီမျှမှုအခွင့်အရေးများပေးခြင်း၊ ပိုမိုမြန်ဆန်ပြီး ပိုစိမ်းလန်းသော ဆန်း သစ်တီထွင်မှုများ၊ ပိုမိုအားကောင်းသော မူဘောင်များကို ဆောင်ရွက်သင့်ပါသည်။ နိုင်ငံစုံ ပူးပေါင်း ဆောင်ရွက်မှုသည်သာ အားလုံးအတွက် လုံခြုံပြီးသာယာဝပြောသော စီးပွားရေးဖြစ်စေရန် တစ်ခုတည်းသော နည်းလမ်းအဖြစ် ဆက်လက်တည်ရှိနေပါသည်။

ရင်းမြစ်။        နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့

WTO ဌာနခွဲ

ကုန်သွယ်ရေးဦးစီးဌာန

International Trade News

Pages