၂၀၁၅ ခုနှစ်အဖွင့်မှာ မြန်မာ-တရုတ်နယ်စပ်မှ ဆန်တင်ပို့မှု အားရဖွယ်ကောင်း

Wed, 01/21/2015 - 10:21 -- admin_ygn

   ၂၀၁၅ ခုနှစ်ရဲ့ နှစ်စပိုင်း ဇန်နဝါရီလပထမပတ်မှာ မြန်မာ-တရုတ် နယ်စပ်ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ဆန်တင်ပို့မှုဟာ အားကောင်းလျက်ရှိပါတယ်။ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁၂ ဒသမ ၆၅၀ သန်းဖိုးရှိတဲ့ ငစိန်ဆန် ၂၀၅၅၀ တန်နဲ့ ဧည့်မထဆန် ၁၃၂၄၂ တန် တင်ပို့ခဲ့ပြီး ယခင်သီတင်းပတ်ထက် တန်ချိန် ၁၈၀၀ ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ လွယ်ဂျယ်စခန်းမှ ကန်ဒေါ်လာ ၁ ဒသမ ၄၂၇ သန်းဖိုးရှိ ဧည့်မထ ၄၀၅၆ တန်ကိုတင်ပို့ခဲ့ပြီး၊ ယခုတစ်ပတ်မှာ ၁၂၃၃ တန်ကို ပိုမိုတင်ပို့နိုင်ခဲ့သလို၊ ချင်းရွှေဟော်စခန်းမှလည်း ကန်ဒေါ်လာ သုည ဒသမ ၄၃၆ သန်းဖိုးရှိ ဧည့် မထဆန် ၁၁၆၄ တန်ကို တင်ပို့နိုင်ခဲ့တဲ့အတွက် ယခင်သီတင်းပတ်ထက် ၉၁၄ တန်အသီးသီးပိုမို တင်ပို့နိုင်တာတွေ့ရပါတယ်။ စခန်း ၃ ခုစလုံးရဲ့ စုစုပေါင်းတင်ပို့မှုဟာ ကန်ဒေါ်လာ ၁၄ ဒသမ ၅၁၃ သန်းဖိုးရှိပြီး တန်ချိန်အားဖြင့် ၃၉၀၁၂ တန်ရှိတယ်လို့ စာရင်းများအရသိရှိ ရပါတယ်။
   ဆန်သာမက မူဆယ် (၁၀၅) မိုင်မှ ကန်ဒေါ်လာ ၂ ဒသမ ၈၇၁ သန်းဖိုး ရှိ ဆန်ကွဲ ၈၈၂၆ တန်၊ လွယ်ဂျယ် မှ ကန်ဒေါ်လာ သုည ဒသမ ၈၀၀ သန်းဖိုးရှိ ဆန်ကွဲတန် ၂၅၀၀၊ ချင်းရွှေဟော်စခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၁၆၉ သန်းဖိုးရှိ ဆန်ကွဲ ၅၂၃ တန်ကိုလည်းတင်ပို့ခဲ့ရာ စုစုပေါင်း တန်ချိန် ၁၁၈၄၉ တန် တင်ပို့နိုင်ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၉၆၁၉ တန် ပိုမို တင်ပို့နိုင်ခဲ့ကြောင်းသိရှိရပါတယ်။

ယဉ်ယဉ်အေး MIRT (DCCA)

 

Border Trade News

Pages