အကောက်ခွန်ဦးစီးဌာနသို့အပ်နှံမည့် ယာဉ်မှ ကျောက်စိမ်းဟု ယူဆရသော ဖြတ်စ နဲ့ကျောက်တုံးများ ထပ်မံစစ်ဆေးတွေ့ရှိ

Fri, 11/20/2015 - 13:13 -- admin_ygn

အောက်တိုဘာလ ၁၁ ရက်နေ့ ၀၉း၃၀ ချိန်က နောင်ချိုမြို့အနီး ယာယီအခြေပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိတဲ့ မိုဘိုင်းအဖွဲ့လရ-၁ သို့ ဝင်ရောက်စစ်ဆေးခံကာ မန္တလေးမှ မူဆယ်သို့  ထွက်ခွာလာတဲ့ ယာဉ် များအား စစ်ဆေးစဉ် ကိုယ်ပိုင်ယာဉ် ပရိုဘောက်4J/xxxx  အတွင်းပိုင်းနှင့် ဝမ်းဗိုက်အတွင်းတို့၌ အံဝှက်များပြုလုပ်ပြီး သိုဝှက်သယ်ဆောင် လာသော ကျောက်စိမ်း လို့ ယူဆရတဲ့ ကျောက်ဖြတ်စများနဲ့ ကျောက်တုံးများ ၁၁ ထုပ်(၄၉၉)ကီလိုဂရမ် ခန့်မှန်းတန်ဖိုးကျပ် ၄၉၉၀၀၀၀ ကိုစစ်ဆေးတွေ့ရှိခဲ့ ပါတယ်။အဆိုပါယာဉ်အား အကောက်ခွန်ဦးစီး ဌာနသို့ အပ်နှံရန်အတွက် ယခင်ကျောက်များ ရှာဖွေစဉ်က ဖြုတ်ထားသော ကားပစ္စည်းများအား ပြန်လည်တပ်ဆင်စဉ် သံပြားများနဲ့ သေသပ်စွာ ပြုလုပ်ထားတဲ့ ယာဉ်ရှေ့ ဘန်ပါ  အတွင်းပိုင်း အံဝှက်အား မသင်္ကာဖွယ်ရာ ထပ်မံတွေ့ရှိသဖြင့် မိုဘိုင်း  OSS အဖွဲ့ခေါင်းဆောင် များအား ခေါ်ယူ၍ ထပ်မံစစ်ဆေးမှုပြုလုပ်ခဲ့ ပါတယ်။ ကျောက်စိမ်းလို့ ယူဆရတဲ့ ကျောက်ဖြတ် စ နဲ့ ကျောက်တုံးများ ၄ ထုပ် ၉၄ ကီလိုဂရမ်အား ထပ်မံရှာဖွေတွေ့ရှိသိမ်းဆည်းခဲ့တယ်လို့ သိရ ပါတယ်။                                                                                  
MIRT

Border Trade News

Pages