ရှောင်ကွင်းလမ်းတွင် စုပုံထားတဲ့ တရားမဝင်အကောက်ခွန်မဲ့ပစ္စည်းများကို ပိုင်ရှင်မဲ့တွေ့ရှိ

Thu, 12/11/2014 - 14:29 -- admin_ygn

   မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးစခန်းထုတ်နုတ်အင်အား Mobile Team အဖွဲ့သည် ဒီဇင်ဘာလ ၁ ရက်နေ့တွင် အေးရှားဝေါလ်တိုးဂိတ်အနီးရှောင်ကွင်းလမ်းမှာ တရားမဝင် စုပုံထားတဲ့ စောင်ထုပ်၊ Digital Printer ink၊ စတစ်ကာစက္ကူ၊ လက်အိတ်၊ ခြေအိတ်၊ အင်္ကျီ၊မစီးဖိနပ်၊ ကလေးစီးဖိနပ်၊ အနွေးဖိနပ်၊ ဘေးလွယ်အိတ်၊ ကျောပိုးအိတ်၊ ဂျင်းဘောင်း ဘီထုပ်၊ LED မီးလုံး၊ မီးစလောင်း၊ လျှပ်စစ်ရေနွေးအိုးနဲ့ Electric Heater များကို ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။ အလားတူ ဒီဇင် ဘာလ ၂ ရက်နေ့တွင်လည်း အဆိုပါရှောင်ကွင်းလမ်းပေါ်တွင် နာရီထည့်ဘူးခွံနဲ့ ဒူးစွပ်တို့အား ပိုင်ရှင်မဲ့ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။ အဆိုပါပိုင်ရှင်မဲ့စုပုံထားတဲ့ တရားမဝင်အကောက်ခွန်မဲ့ ပစ္စည်းများအား မူဆယ်မြို့နယ် အကောက်ခွန်ဦးစီးဌာနသို့ လွှွဲပြောင်းအပ်နှံပြီးအကောက်ခွန်အမှုတွဲဖွင့်လှစ်ပြီးဖြစ်တယ်လို့သိရပါတယ်။  

DCCA

Border Trade News

Pages