ရှမ်းချင်းကို ပြည်တွင်းသုံးဝယ်လက်တွေသာ ဝယ်ယူနေ

Wed, 09/13/2017 - 07:40 -- admin_ygn

ဒီတစ်ပတ်မှာတော့ မိုးကလည်း ကောင်းနေတာရယ် အဓိကဝယ်လက် တွေဖြစ်တဲ့ တောင်ကုတ်၊ စစ်တွေဝယ် လက်တွေကလည်း အကြောင်းအမျိုးမျိုး ကြောင့် ဝယ်ယူမှုနည်းပါးလာပြီး ပြည် တွင်းသုံးဝယ်လက်တွေသာ ထိုးချင်း^ ဓားလှီး ချင်းအတွက် ဝယ်ယူနေတယ်လို့ လည်သိရပါတယ်။ဒီနှစ်မှာ    အရင်နှစ်ကထက် အရောင်းအေးနေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့လကတော့ တောင်ကုတ် ဝယ် လက်တွေက ချင်းပိဿာချိန်သောင်းချီ ပြီး ဝယ်ယူခဲ့ပေမယ့် ဒီတစ်လမှာတော့ ဒေသအနှံ့အပြားမှာ  ရေကြီးနေတာ ကြောင့်လမ်းပန်းဆက်သွယ်ရေးခက်ခဲ လို့ ဝယ်ယူမှုနားသွားတယ်လို့ အောင်ပန်း၊ ဟိုပုံးဈေးကွက်တွေက သိရှိရပါတယ်။ လောလောဆယ်မှာ ပြည်တွင်းနဲ့ဒေသ တွင်းက စားသုံးဖို့အတွက် လက်လီဝယ် ယူမှုသာရှိပြီး  ရောင်းအားနည်းတာ ကြောင့် ချင်း(ဥမ)လက်ကျန်တွေအများ အပြားကျန်ရှိနေပါတယ်။ ချင်း(ဥမ)က ချင်းတက်တွေလိုအကြာကြီးအထား မခံတာရယ်၊    အစိုဓာတ်များတာရယ် ကြောင့်  အလျော့လည်းများလို့ လှောင် လက်တွေကလည်း  ဥမကိုအမြန်ရောင်း ချင်နေကြပါတယ်။ ဒီတစ်ပတ်ဟိုပုံးဈေး ကွက်မှာ ချင်း(ဥမ)တစ်ပိဿာကျပ်၃၅၀ ဈေးရှိပြီး၊ ချင်းခြောက် တစ်ပိဿာကို ကျပ် ၁၃၀၀  မှ ကျပ် ၁၃၅၀  ဈေးရှိပါ တယ်။အောင်ပန်းဈေးကွက်မှာတော့ ချင်း(ဥမ)ရောင်းအားကျနေသလို အဝင် ကလည်း နည်းသွားပါတယ်။   တစ် ပိဿာပေါက်ဈေးကတော့  အနိမ့်ဆုံး ကျပ်  ၂၈၀မှ အမြင့်ဆုံး ကျပ်  ၃၀၀၊ ချင်းခြောက်ကတော့ အနိမ့်ဆုံးကျပ်  ၉၀၀ မှ အမြင့်ဆုံး ကျပ်  ၁၀၀၀ ဈေးရှိပါ တယ်။                            

       ဧဧခိုင်(တောင်ကြီး)

 

 

 

Border Trade News

Pages