ရိဒ်ကုန်သွယ်ရေးစခန်းမှ မေလအတွင်း ကုန်သွယ်မှု တိုးတက်

Thu, 07/07/2016 - 09:15 -- admin_ygn

ရိဒ်ကုန်သွယ်ရေးစခန်းမှ မေလအတွင်း ကုန်သွယ်မှုပမာဏ ဆောင် ရွက်နိုင်မှုမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၀၁၃ သန်းဆောင်ရွက်ခဲ့ပါတယ်။ အနီးစပ် ဆုံးကာလဖြစ်တဲ့ ဧပြီလနဲ့နှိုင်းယှဉ်ပါကအမေရိကန်ဒေါ်လာ ၁ ဒသမ ၀၅၂ သန်း ပိုမိုဆောင် ရွက်ခဲ့ပါတယ်။ အနီးစပ်ဆုံးကာလထက် ကုန်သွယ်မှုပိုမိုရခြင်းမှာ လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်တဲ့ ကွမ်းသီး၊ ဆေးရိုး၊ ဆေးရွက်ကြီးမှုန့်များ၊စက်မှုကုန်ချောပစ္စည်းများဖြစ်တဲ့ မုန့်မျိုးစုံ၊ အချိုရည်၊ ဆပ်ပြာမှုန့်၊ ငါးသေတ္တာ၊ စောင်၊ အမျိုးသမီးစီးဖိနပ်၊ အမျိုးသမီး ဝတ်တီရှပ်တို့ ပိုမိုတင်ပို့နိုင်ပြီး ဓာတ်မြေသြဇာများ တင်သွင်းမှုပိုမိုခဲ့သဖြင့် ကုန်သွယ်မှုပိုမိုရခြင်းဖြစ်ပါတယ်။ ရိဒ်ကုန်သွယ် ရေးစခန်းမှ မေလအတွင်းITC ကတ် တစ်စောင်ထုတ်ပေးခဲ့ပြီးITC ကတ်ဖြင့် နိုင်လွန်ချည် ၇ တန် ကျော် တင်သွင်းနိုင်ခဲ့တယ်လို့ ကုန်သွယ်ရေးစခန်းမှ သိရပါတယ်။
                  

ခင်မိုးသူ

 

Border Trade News

Pages