မူဆယ်မှ ရေထွက်ကုန် တန်ချိန်ရောတန်ဖိုးပါပိုမိုတင်ပို့

Tue, 09/05/2017 - 08:15 -- admin_ygn

     မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ သြဂုတ် ၁၉ ရက်မှ ၂၅ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၇၂ သန်း တန်ဖိုးရှိ ရေ ထွက်ကုန် ၁၁၅၆ တန်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ ခဲ့တဲ့ ၇၁၄ တန်နဲ့ နှိုင်းယှဉ်ပါက ၄၄၂ တန် ပိုမိုတင်ပို့ခဲ့ပြီး တန်ဖိုးမှာလည်း အမေရိကန်ဒေါ်လာ သုညဒသမ ၈၇၄ သန်းပိုမိုခဲ့ပါတယ်။ယခုတစ်ပတ်တွင် ကဏန်း၊  ငါးရှဉ့်၊ ငါးမှုန့်၊ ငါးစီဖောင်း၊ ငါးမျိုးစုံနဲ့ အခြားရေထွက်ပစ္စည်းမျိုးစုံ ပိုမိုတင်ပို့လာနိုင်ခြင်းကြောင့် တန်ချိန်ရော တန်ဖိုး ပါပိုမိုရခြင်းဖြစ်ပါတယ်။                       

မော်မော်အောင်

 

Border Trade News

Pages