မုံရွာကြက်သွန်နီဈေးကွက် ဈေးအနည်းငယ်မြင့်တက်

Mon, 01/09/2017 - 07:38 -- admin_ygn

ဇန်နဝါရီလဆန်းရက်သတ္တပတ်အတွင်း  မုံရွာပွဲရုံစားဖိုဆောင်သီးနှံရောင်းဝယ် ရေးဈေးကွက်တွင် ကြက်သွန်နီများ ဈေးကွက်အတွင်းသို့ ဝင်ရောက်မှုနည်းသွား၍ ကြက်သွန်နီဈေးနှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်းသိရပါတယ်။  ပွဲရုံ သို့ ကြက်သွန်နီ ဝင်ရောက်မှုမှာ တစ်ရက်လျှင် ပိသာချိန် ၅၀၀၀ ခန့်သာ အဝင်ရှိပြီး အရောင်းအဝယ် ဖြစ်မှုမှာလည်း  ရန်ကုန်၊ မန္တလေးဝယ်လက် အဆွဲများအတွက် မလုံလောက်၍ လက်လီ အနေနဲ့သာ အရောင်းအဝယ်ဖြစ်လျက် ရှိေ ကြာင်း သိရပါတယ်။ ယခုတစ်ပတ် ကြက် သွန်နီတစ်ပိသာဈေးနှုန်းမှာ ပွဲရုံဈေး (ကြီး) ၁၀၀၀ ကျပ်၊ (လတ်) ၉၀၀ ကျပ်၊ (သေး) ၈၀၀ ကျပ်၊ လက်လီတစ်ပိသာ ဈေးနှုန်းမှာ (ကြီး)၁၂၀၀ကျပ်၊ (လတ်) ၁၁၀၀ကျပ်၊ (သေး) ၁၀၀၀ ကျပ်ြ ဖစ်ပြီး ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်ပါက ဈေး မြင့်နေကြောင်းသိရပါ တယ်။ ယခုတစ်ပတ် ကြက်သွန်ဖြူပိသာဈေးနှုန်းမှာ ပွဲရုံဈေး (ဗမာ) ၅၅၀၀ ကျပ်၊ (ရှမ်း) ၄၈၀၀ ကျပ်၊ လက်လီကတော့ တစ်ပိသာ (ဗမာ) ၆၀၀၀ ကျပ်၊ (ရှမ်း) ၅၀၀၀ ကျပ်ဖြစ် ပြီး  အတက်အကျမရှိ ယခင်တစ်ပတ်ဈေးနှုန်းအတိုင်း ဈေးငြိမ်လျက် ရှိပြီး လက်လီအနေနဲ့  နေ့စဉ်အိတ် ၅၀-၆၀ ခန့် အရောင်းအဝယ် ပုံမှန်ဖြစ်လျက်ရှိ ကြောင်း မုံရွာကြက်သွန်နီပွဲရုံမှ သိရပါတယ်။      

  ကြည်ကြည်နွယ် (မုံရွာ)

Border Trade News

Pages