တရုတ်နိုင်ငံသို့ပျားရည် တန် ၅၀ နီးပါး တင်ပို့

Thu, 07/06/2017 - 04:08 -- admin_ygn

ဇွန် ၁၇ ရက်မှ ၂၃ ရက်အထိ ရက်သတ္တပတ်အတွင်း မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင် ကုန်သွယ် ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၃၁၅၀၀ တန်ဖိုးရှိ ပျားရည် ၄၅ တန်ကို တရုတ် နိုင်ငံသို့  တင်ပို့ခဲ့ပါတယ်။ ယခင်ရက် သတ္တပတ်က ၁၅ တန်  တင်ပို့ခဲ့တာ ကြောင့်  ယခုတစ်ပတ်မှာ တန် ၃၀ ပိုမို တင်ပို့ခဲ့တာ တွေ့ရ ပါတယ်။ပျားရည်ကို ပြည်တွင်းမှာ ဆေး ဝါးအဖြစ်သာ  အသုံးပြုကြပြီး ပြည်ပ နိုင်ငံများတွင် သကြားအစား  ပျားရည် စားသုံးခြင်းနှင့် အအေးပိုင်းနိုင်ငံများမှာ ပျားရည်ကို  အဓိကထား၍ အများ အပြား   သုံးစွဲနေတာကြောင့်   ယခုလို ပြည်ပဈေးကွက်သို့ တင်ပို့နေကြောင်း၊ မူဆယ်မှာ ပျားရည်တစ်တန်ကို လိုင်စင် ဈေး အမေရိကန်ဒေါ်လာ  ၇၀၀   ရှိ ကြောင်း သိရပါတယ်။
မော်မော်အောင်

 

Border Trade News

Pages