တမာစေ့ကောက်ယူရောင်းချသူများ ဝင်ငွေကောင်း

Tue, 07/18/2017 - 07:55 -- admin_ygn

      အညာဒေသ သွားရာလမ်း တစ်လျှောက် ဝဲမှယာတွင် တမာပင်များ စီတန်းလျက်ရှိရာ ယခုအချိန် ဆားလင်း ကြီး မြို့နယ်ရှိကျေးရွာတချို့မှ ဒေသခံ များမှာ တမာစေ့ ကောက်ယူ ရောင်း ချလျက်ရှိကြောင်း သိရပါတယ်။ လမ်း ဘေးတစ်လျှောက်ရှိ တမာပင်အောက်တွင် ကြွေကျနေ သော တမာစေ့များကို ကောက်ယူကာ အခွံချွတ် သန့်စင်ပြီး ရောင်းချရာ တစ်ပြည် တစ်ထောင်ကျပ်ရရှိပြီး လူတစ်ဦး လျှင် တစ်မနက်ကို ငါးပြည်၊ ခြောက်ပြည်ခန့် ရရှိပါတယ်။ ကောက်ယူရရှိတဲ့ တမာစေ့များကို စိုက်ပျိုးရေးဌာနမှ ဝယ်ယူပြီး တမာဆပ်ပြာ၊ တမာသွားတိုက်ဆေး၊ တမာ ယားနာပျောက်ဆေး၊ တမာပွေး၊ ဝဲ၊ နှင်းခူပျောက်ဆေး၊ တမာ သွားနာပျောက်ဆေး၊ တမာပိုးသတ်ဆေး စသည့် ဆေးဝါးများ ထုတ်လုပ်လျက်ရှိကြောင်း သိရပါတယ်။
မိုးမိုးမြင့် (ယင်းမာပင်)

Border Trade News

Pages