ကြယ်ပဲ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကျင်းပ

Tue, 09/05/2017 - 08:20 -- admin_ygn

မန္တလေးတိုင်းဒေသကြီး ကြယ်ပဲစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အစုအဖွဲ့မှ အသင်းသား /အသင်းသူများနှင့် တိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူများ တွေ့ဆုံ၍   လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို သြဂုတ် ၂၉ ရက်က  စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးရုံး အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့ပါသည်။မန္တလေးတိုင်းဒေသကြီးဦးစီးမှူးမှ အမှာစကားပြောကြားရာတွင် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် ဝန်ကြီးဌာန၏ မူဝါဒပိုင်း၊ ကုန်သွယ်မှုမြှင့်တင် ရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ အစုအဖွဲ့၏ စိန်ခေါ်မှုအခက်အခဲများကို ဝန်ကြီး ဌာန၏ ကိုယ်စားကူညီဆောင်ရွက်ပေးမှာဖြစ်ကြောင်း ပြောကြားပါသည်။ ဒုတိယတိုင်းေ ဒသကြီး ဦးစီးမှူးက မန္တလေးတိုင်းဒေသကြီးအနေဖြင့် အစုအဖွဲ့ (၁၂)ဖွဲ့ရှိပြီး၊ လျှော်ဖြူအစုအဖွဲ့သည် အောင်မြင်နေပြီဖြစ်ကြောင်း၊ နိုင်ငံခြား တင်ပို့ရန်အတွက် အင်တိုက်အားတိုက် လုပ်ဆောင်နေကြပြီဖြစ်ကြောင်း၊ ကြယ်ပဲအစုအဖွဲ့အနေဖြင့်လည်း ပြည်ပသို့ တင်ပို့ပြီးအောင်မြင်အောင် လုပ် ဆောင်ရန်လိုကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ကြယ်ပဲအစုအဖွဲ့ ဥက္ကဋ္ဌက ကြယ်ပဲဈေးကွက်ခိုင်မာစေရန် ရည်ရွယ်၍ ယခုဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ပြည်တွင်းဈေးကွက် တည်ငြိမ်ခိုင်မာမှသာလျှင် ပြည်တွင်းစိုက်ပျိုးထုတ်လုပ်သူများ၊ ကြယ်ပဲထုတ် ကုန် များ ထုတ်လုပ်သည့် လုပ်ငန်းရှင်များပါဝင်သည့် ှကစစူပ ဃ့ငေည ကဏ္ဍတစ်ခုလုံး ဖွံ့ဖြိုး တိုးတက်ဖို့လိုကြောင်း၊ ဈေးနှုန်းသတ်မှတ်ရန်အတွက် သကြားကုန်စည် ဒိုင်ကဲ့သို့ ကြယ်ပဲကိုလည်း ကြယ်ပဲ ကုန်စည်ဒိုင် သဘော မျိုးဖြင့် လုပ်ဆောင်လို ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တင်သန်းရတနာ ကြယ်ပဲထုတ်လုပ်ရေးလုပ်ငန်းရှင်က ဈေး ကွက် အနေအထားအရ ကုန်ချောနည်းပြီး ကုန်ကြမ်းများနေကြောင်း၊ ယခုဆို ရင် ကြယ်ပဲကွတ်ကီးကိုပြုလုပ်လျက်ရှိကြောင်း၊ ရန်ကုန်၊ မော်လမြိုင်၊ ကျောက် ဆည်၊ မုံရွာ၊ မိုးကုတ်ဈေးကွက်သို့ တင်ပို့နေကြောင်း၊ ဈေးနှုန်းအနေဖြင့် ကုန်ကြမ်း တစ်ကီလိုလျှင်ကျပ် ၂၉၀၀ ဝန်းကျင်၊ ကီလို ၃၀၀ မှ ၅၀၀ အထိ ဝယ်ယူပါက ကျပ် ၂၈၀၀ ဖြင့် ရောင်းဝယ်နေကြောင်း ဆွေးနွေးပြောကြားပါသည်။    
အမရပူရမြို့နယ်၊ ကြယ်ပဲစိုက်ပျိုးထုတ်လုပ်သူမှ တောင်သူများအနေဖြင့် နည်းပညာလိုအပ်၍ အစေ့အဆန် မအောင်သဖြင့် ပြည်တွင်းဈေးကွက်မှာသာ ရောင်းဝယ်မှုဖြစ်နေကြောင်း ပြောကြားပါသည်။ကြယ်ပဲစိုက် စရိတ်မှာ တစ်ဧကလျှင်ကျပ် ၁၂ သိန်း ဝန်းကျင်ရှိကြောင်း၊ ကြယ်ပဲပင်၏သက်တမ်းမှာ နှစ်(၃၀)ရှိပြီး၊ အညွန့်၊ အရွက်၊ အသီး တစ်ပင်လုံး အသုံးဝင်ကြောင်း၊ ဆေးဖက်ဝင် အပင်တစ်မျိုးလည်း ဖြစ်ကြောင်း၊ ကြယ်ပဲဆီကို မြန်မာပြည်၏ လူတန်းစားတစ်ရပ်လုံး သုံးနိုင်စားနိုင်အောင် ရည်ရွယ်ပြီး ထုတ် လုပ်ခြင်းဖြစ်ကြောင်း၊ အာဟာရ ပြည့်ဝစွာစားသုံးစေလို၍ဖြစ်ကြောင်း မျှစ်ချို စိုက်ပျိုးထုတ်လုပ်သူက ပြောကြားပါသည်။
ကုန်သွယ်မှုနှင့်ပတ်သက်သည့်ဥပဒေ၊ အသင်းအဖွဲ့နှင့်ပတ်သက်သည့် ဥပဒေ များကို သိရှိရန် လိုအပ်ကြောင်း၊ သတင်းအချက်အလက် ခိုင်မာရန် လိုအပ် ကြောင်း၊ နိုင်ငံတကာဈေးကွက်တွင်  အရောင်းအဝယ်ဖြစ်နေသည့် စံချိန်စံညွှန်း များကိုလည်း သိရှိရန်လိုအပ်ကြောင်း၊ တစ်ဦးချင်းသော်လည်းကောင်း၊ အစုအဖွဲ့ ဖွဲ့၍သော်လည်းကောင်း၊ ကုမ္ပဏီဖွဲ့စည်း၍သော်လည်းကောင်း တင်ပို့နိုင်ရန်လို ကြောင်း တိုင်းဒေသကြီး ဦးစီးမှူးက ပြောကြားခဲ့သည်။      
    တင်ဇာမျိုး (မန္တလေး)

 

Border Trade News

Pages