မလေးရှားနဲ့ စင်ကာပူသို့ရော်ဘာတန် ၇၀ဝ ကျော်တင်ပို့
ဖေဖော်ဝါရီလ ၁၅ ရက်မှ ၂၁ ရက်နေ့ထိ ကာလအတွင်းမှာ ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ကန်ဒေါ်လာ သုည ဒသမ ၉၂၁ သန်းဖိုးရှိ ရော်ဘာ ၇၀၆ တန်ကျော်ကို မလေးရှားနဲ့ စင်ကာပူနိုင်ငံကို တင်ပို့ခဲ့ပါတယ်။ မလေးရှားနိုင်ငံကို RSS-3တန် ၄၁၀နဲ့ MSR-20တန် ၁၀ဝကျော်တင်ပို့ခဲ့ပြီး စင်ကာပူနိုင်ငံကို MSR-20 ၁၉၆ တန်တင်ပို့ခဲ့တာဖြစ်ပါတယ်။ယခင်တစ်ပတ်က မလေးရှားနဲ့ စင်ကာပူနိုင်ငံကို ၁၉၅၇ တန်ကျော်တင်ပို့နိုင်ခဲ့တဲ့အတွက် ယခုသီတင်းပတ်မှာ ၁၂၅၁ တန်ခန့်လျော့နည်းခဲ့ပါတယ်။
ရော်ဘာတင်ပို့မှုလျော့ကျ ခဲ့သော်လည်း ရော်ဘာဈေးပြောင်းလဲ မှု မရှိကြောင်း သိရပါတယ်။ နိုင်ငံတကာရော်ဘာဈေး များ ပြောင်းလဲမှုမရှိတဲ့အတွက် မြန်မာ့ရော်ဘာဈေးများလည်း ပြောင်းလဲမှုမရှိကြောင်း မြန်မာနိုင်ငံရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများ အသင်းက ထုတ်ပြန် ထားပါတယ်။ အသင်းမှထုတ်ပြန်ထားတဲ့ ဈေးနှုန်းများကို ဖော်ပြပေးလိုက်ပါတယ်-
RSS 1 တစ်တန်လျှင် ဒေါ်လာ ၁၅၀ဝ-၁၆၀ဝ
RSS 2 တစ်တန်လျှင် ဒေါ်လာ ၁၄၅၀-၁၅၅၀
RSS 3 တစ်တန်လျှင် ဒေါ်လာ ၁၄၀ဝ-၁၅၀ဝ
RSS 4 တစ်တန်လျှင် ဒေါ်လာ ၁၃၅၀-၁၄၅၀
RSS 5 တစ်တန်လျှင် ဒေါ်လာ ၁၃၀ဝ-၁၄၀ဝ
MSR 10 တစ်တန်လျှင် ဒေါ်လာ ၁၄၀ဝ-၁၅၀ဝ
MSR 20 တစ်တန်လျှင် ဒေါ်လာ ၁၃၅၀-၁၄၅၀
MSR 50 တစ်တန်လျှင် ဒေါ်လာ ၁၂၅၀-၁၃၅၀
Crepe Rubber တစ်တန်လျှင် ဒေါ်လာ ၁၂၀ဝ-၁၃၀ဝ
ယဉ်ယဉ်အေး MIRT (DCCA)