မလေးရှားနဲ့ စင်ကာပူသို့ရော်ဘာတန် ၇၀ဝ ကျော်တင်ပို့

 

          ဖေဖော်ဝါရီလ ၁၅ ရက်မှ ၂၁ ရက်နေ့ထိ ကာလအတွင်းမှာ ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ကန်ဒေါ်လာ သုည ဒသမ ၉၂၁ သန်းဖိုးရှိ ရော်ဘာ ၇၀၆ တန်ကျော်ကို မလေးရှားနဲ့ စင်ကာပူနိုင်ငံကို တင်ပို့ခဲ့ပါတယ်။ မလေးရှားနိုင်ငံကို RSS-3တန်  ၄၁၀နဲ့ MSR-20တန် ၁၀ဝကျော်တင်ပို့ခဲ့ပြီး စင်ကာပူနိုင်ငံကို MSR-20 ၁၉၆ တန်တင်ပို့ခဲ့တာဖြစ်ပါတယ်။ယခင်တစ်ပတ်က မလေးရှားနဲ့ စင်ကာပူနိုင်ငံကို   ၁၉၅၇ တန်ကျော်တင်ပို့နိုင်ခဲ့တဲ့အတွက် ယခုသီတင်းပတ်မှာ ၁၂၅၁ တန်ခန့်လျော့နည်းခဲ့ပါတယ်။

 ရော်ဘာတင်ပို့မှုလျော့ကျ ခဲ့သော်လည်း ရော်ဘာဈေးပြောင်းလဲ မှု မရှိကြောင်း သိရပါတယ်။ နိုင်ငံတကာရော်ဘာဈေး များ ပြောင်းလဲမှုမရှိတဲ့အတွက် မြန်မာ့ရော်ဘာဈေးများလည်း ပြောင်းလဲမှုမရှိကြောင်း မြန်မာနိုင်ငံရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများ အသင်းက ထုတ်ပြန် ထားပါတယ်။ အသင်းမှထုတ်ပြန်ထားတဲ့ ဈေးနှုန်းများကို ဖော်ပြပေးလိုက်ပါတယ်-

          RSS 1                    တစ်တန်လျှင်   ဒေါ်လာ         ၁၅၀ဝ-၁၆၀ဝ

          RSS 2                    တစ်တန်လျှင်   ဒေါ်လာ         ၁၄၅၀-၁၅၅၀

          RSS 3                    တစ်တန်လျှင်   ဒေါ်လာ         ၁၄၀ဝ-၁၅၀ဝ

          RSS 4                    တစ်တန်လျှင်   ဒေါ်လာ         ၁၃၅၀-၁၄၅၀

          RSS 5                     တစ်တန်လျှင်   ဒေါ်လာ         ၁၃၀ဝ-၁၄၀ဝ

          MSR 10                  တစ်တန်လျှင်   ဒေါ်လာ         ၁၄၀ဝ-၁၅၀ဝ

          MSR 20                  တစ်တန်လျှင်   ဒေါ်လာ         ၁၃၅၀-၁၄၅၀

          MSR 50                  တစ်တန်လျှင်   ဒေါ်လာ         ၁၂၅၀-၁၃၅၀

          Crepe Rubber         တစ်တန်လျှင်   ဒေါ်လာ         ၁၂၀ဝ-၁၃၀ဝ

                                                                                 ယဉ်ယဉ်အေး MIRT (DCCA)