လုပ်ငန်းခွင်သုံး ဥပဒေများဆိုင်ရာ အသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ် (၆/၂၀၂၅) (သတင်းအပြည့်အစုံ)

လုပ်ငန်းခွင်သုံး ဥပဒေများဆိုင်ရာ အသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ် (၆/၂၀၂၅)   

(သတင်းအပြည့်အစုံ)

၁။         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသည့်  ဝန်ထမ်း များအား ဥပဒေဆိုင်ရာ အသိပညာများရရှိပြီး ဥပဒေကိုလေးစားလိုက်နာသော နိုင်ငံ့ဝန်ထမ်းကောင်း များ ဖြစ်စေရန်အတွက် ရည်ရွယ်၍ လုပ်ငန်းခွင်သုံး ဥပဒေများဆိုင်ရာ အသိပညာပြန့်ပွားရေး သင်တန်းအမှတ်စဉ် (၆/၂၀၂၅) သင်တန်းကို ပြည်ထောင်စုဝန်ကြီးရုံး မှ အရာထမ်း(၄)ဦး၊ ကုန်သွယ်ရေး ဦးစီးဌာန မှ အရာထမ်း (၃၄) ဦး၊  မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ တို့မှ အရာထမ်း (၇) ဦး၊ စုစုပေါင်း (၄၅) ဦး တက်ရောက်၍ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်နေ့ မှ စတင်၍ ဧရာဝတီခန်းမ၌ ဖွင့်လှစ်ပို့ချခဲ့ပါသည်။

၂။         အဆိုပါသင်တန်းတွင် ဝန်ကြီးဌာနမှ ကျင့်သုံးနေသည့် ဥပဒေများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဥပဒေကျွမ်းကျင်သည့် အရာထမ်းများက ဆွေးနွေးပို့ချမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်နေ့မှ စ၍  (၁၁) ရက်ကြာ ဖွင့်လှစ်ပို့ချမည် ဖြစ်ပါသည်။