ဆွေးနွေးပွဲ သတင်း (အပြည့်အစုံ)

ဆွေးနွေးပွဲ သတင်း (အပြည့်အစုံ)

၁။       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃)၊ ညီလာခံခန်းမတွင် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၅) ရက်နေ့ နံနက်(၁၀:၀၀)နာရီမှ (၁၁:၀၇) နာရီ အချိန်ထိ ကျင်းပပြုလုပ် ခဲ့သည့် ဆွေးနွေးပွဲတွင် အမျိုးသားမော်ကွန်းတိုက်ဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန် ရှိသူများက “ မှတ်တမ်းများ လွှဲပြောင်းရယူခြင်း၊ မှတ်တမ်းများစိစစ်ခွဲခြားခြင်း နှင့် စနစ်တကျ သိမ်းဆည်းခြင်း ” ခေါင်းစဉ်နှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ပါသည်။

၂။              ဆွေးနွေးပွဲတွင် အမျိုးသားမော်ကွန်းတိုက်ဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးမင်းကြည်ဝင်း က မှတ်တမ်းများလွှဲပြောင်းရယူခြင်း ၊ မှတ်တမ်းများ စိစစ်ခွဲခြားခြင်း နှင့် စနစ်တကျ သိမ်းဆည်းခြင်းတို့နှင့်ပတ်သက်၍ မိတ်ဆက် အမှာစကားပြောကြားပြီး ညွှန်ကြားရေးမှူး ဦးဇော်လွင်ဦး က မှတ်တမ်းများလွှဲပြောင်းရယူခြင်း ၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းသီတာ က မှတ်တမ်းများ စိစစ်ခွဲခြားခြင်းနှင့် စနစ်တကျ သိမ်းဆည်းခြင်း အကြောင်းတို့ကို ဆွေးနွေးတင်ပြခဲ့ပြီး မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ် နှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချူပ် ဒေါက်တာထိန်လင်းတို့က သိရှိလိုသည် များကို ဖြည့်စွက် ဆွေးနွေး မေးမြန်းခဲ့ပါသည်။

၃။              ထို့နောက် ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရ က  ကျေးဇူးတင် စကားပြောကြားခဲ့ပြီး ၊ ဒုတိယဝန်ကြီး ဦးကျော်ရွှေထွန်း မှ အမှတ်တရ လက်ဆောင်များ ပေးအပ် ချီးမြှင့်ခဲ့ပါသည်။

၄။              အဆိုပါ ဆွေးနွေးပွဲသို့  ဒုတိယဝန်ကြီး ဦးကျော်ရွှေထွန်း၊ ကုန်သွယ်ရေးဦးစီးဌာန၊  စားသုံးသူရေးရာဦးစီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန နှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ တို့မှ ညွှန်ကြားရေးမှူးချုပ်များ နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ ၊ အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၁၁၇) ဦးတို့ တက်ရောက်ခဲ့ပါသည်။