ကုန်သွယ်မှုနှင့်ဆက်စပ်သည့် စနစ်များအတွက် ကွန်ပျူတာအသုံးပြုမှု အဆင့်မြှင့်သင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဖွင့်လှစ်ခဲ့သည့် သတင်း
ကုန်သွယ်မှုနှင့်ဆက်စပ်သည့် စနစ်များအတွက် ကွန်ပျူတာအသုံးပြုမှု အဆင့်မြှင့်သင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဖွင့်လှစ်ခဲ့သည့် သတင်း
၁။ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှစတင်၍ ကုန်သွယ်ရေးစခန်းများတွင် သွားရောက်တာဝန်ထမ်းဆောင် မည့် ကုန်သွယ်ရေးဦးစီးဌာနမှ ကွန်ပျူတာဝန်ထမ်း အမှုထမ်းများကို ကုန်သွယ်မှုနှင့်ဆက်စပ်သည့် စနစ်များအတွက် ကွန်ပျူတာအသုံးပြုမှု အဆင့်မြှင့်သင်တန်းအမှတ်စဉ် (၁/၂၀၂၅) ကို ၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၆) ရက်နေ့မှ (၁၉) ရက်နေ့ထိ ကုန်သွယ်ရေးဦးစီးဌာန Multimedia သင်တန်းခန်းမတွင် ဖွင့်လှစ်လျက်ရှိပါသည်။
၂။ အဆိုပါသင်တန်းတွင် ကွန်ပျူတာဝန်ထမ်း(၁၆) ဦး တက်ရောက်ပြီး ကုန်သွယ်မှုနှင့်ဆက်စပ် သည့်စနစ်များ အသုံးပြု၍ ကုန်သွယ်မှုစာရင်းဇယားများ ဆောင်ရွက်ရာတွင် လျင်မြန်ချောမွေ့စွာဆောင် ရွက်နိုင်စေရန်နှင့် အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပါသည်။