ကုန်သွယ်မှုလုပ်ထုံးလုပ်နည်းဆိုင်ရာ အနီးကပ်ပညာပေးရက်တို သင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဖွင့်လှစ်ခဲ့သည့် သတင်း

ကုန်သွယ်မှုလုပ်ထုံးလုပ်နည်းဆိုင်ရာ

အနီးကပ်ပညာပေးရက်တို သင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဖွင့်လှစ်ခဲ့သည့် သတင်း

၁။         ၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှစတင်၍ ကုန်သွယ်ရေးစခန်းများတွင် သွားရောက်တာဝန်ထမ်းဆောင်မည့် ကုန်သွယ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများအတွက် ကုန်သွယ်မှုလုပ်ထုံးလုပ်နည်းဆိုင်ရာ အနီးကပ်ပညာပေးရက်တိုသင်တန်းအမှတ်စဉ် (၁/၂၀၂၅) ကို ၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၂) ရက်နေ့မှ (၂၀) ရက်နေ့ထိ  ညီလာခံခန်းမ၌ ဖွင့်လှစ်လျက်ရှိပါသည်။

၂။         အဆိုပါသင်တန်းတွင် အရာထမ်း၊ အမှုထမ်း(၈၃)ဦး တက်ရောက်ပြီး နယ်စပ်ကုန်သွယ်ရေး စခန်းများ၌ သွားရောက်တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများအနေဖြင့် ကုန်သွယ်မှုလုပ်ထုံးလုပ်နည်းများအား ကောင်းမွန်စွာသိရှိနားလည်၍ နေ့စဉ်လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပါသည်။