Training on Current Implementations of WTO’s TFA Agreement in Myanmar (သတင်းအပြည့်အစုံ)

Training on Current Implementations of WTO’s TFA Agreement in Myanmar

(သတင်းအပြည့်အစုံ)

၁။         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက် အရ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်း များကို ကုန်သွယ်ရေးဦးစီးဌာန ၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲအနေဖြင့် တာဝန်ယူအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

၂။         အဆိုပါစီမံချက်အရ ရက်တိုသင်တန်းများ ဖွင့်လှစ်ပို့ချလျက်ရှိရာ “Training on Current Implementations of WTO’s TFA Agreement in Myanmar” နှင့် ပတ်သက်၍ သိကောင်းစရာ များကို ၂၀၂၅ ခုနှစ် ၊ မေလ (၂၆) ရက် နေ့မှ (၂၇) ရက်နေ့အထိ နံနက် (၁၀:၀၀) နာရီ မှ (၁၂:၀၀) နာရီအချိန်ထိ ကုန်သွယ်ရေးဦးစီးဌာန ၊ MultiMedia ခန်းမ၌ သင်ကြား ပို့ချခဲ့ပါသည်။

၃။         အဆိုပါ သင်တန်းတွင် WTO ၏ TFA သဘောတူညီချက်များတွင် မြန်မာနိုင်ငံက လိုက်ပါ ဆောင်ရွက်နေမှု အခြေအနေများကို ဝန်ထမ်းများသိရှိနားလည်စေရန် ရည်ရွယ်၍ သင်ကြားပို့ချခဲ့ခြင်း ဖြစ်ပါသည်။

၄။         သင်တန်းအား သင်တန်းစည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ခဲ့ပြီး ကုန်သွယ်ရေးဦးစီးဌာန၊ အရာထမ်း ၊ အမှုထမ်း စုစုပေါင်း(၂၀)ဦးတို့ တက်ရောက်ခဲ့ပြီး သင်တန်းနည်းပြအဖြစ် WTO နှင့် အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုနှင့်ဆက်နွှယ်နေသောအဖွဲ့အစည်းများဌာနခွဲမှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်ခိုင်မြတ်မြတ်ခိုင်က ဆွေးနွေးပို့ချခဲ့ပါသည်။