“ဆေးဝါးဈေးကွက်များတွင် စီးပွားရေးလုပ်ငန်းများ ယှဉ်ပြိုင်မှုဖွံ့ဖြိုးတိုးတက်စေရေး” နိုင်ငံတကာဆွေးနွေးပွဲသို့ တက်ရောက်ခြင်း
“ဆေးဝါးဈေးကွက်များတွင် စီးပွားရေးလုပ်ငန်းများ ယှဉ်ပြိုင်မှုဖွံ့ဖြိုးတိုးတက်စေရေး” နိုင်ငံတကာ ဆွေးနွေးပွဲကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာဇန်မြို့တွင် ၂၀၂၅ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့မှ ၁၃ ရက်နေ့ အထိကျင်းပပြုလုပ်ခဲ့ပါသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ယှဉ်ပြိုင်မှုအာဏာပိုင်အဖွဲ့ (FAS) ၏ ဖိတ်ကြားချက်အရ အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်အဖွဲ့ဝင် ဒေါက်တာသုတအောင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့မှ တက်ရောက်ဆွေးနွေးခဲ့ပါသည်။
အစည်းအဝေးတွင် ဆေးဝါးဈေးကွက်အတွင်း မူပိုင်ခွင့်ဆိုင်ရာ ဥပဒေသတ်မှတ်ချက်များ၊ ယှဉ်ပြိုင်မှုနယ်ပယ်၌ ဥပဒေစံသတ်မှတ်ချက်များ၊ ဆေးဝါးနှင့်ဆေးအထောက်အကူပြုပစ္စည်းများ ဈေးကွက်တွင် ယှဉ်ပြိုင်မှုဆိုင်ရာချိုးဖောက်မှုများအပေါ် အရေးယူဆောင်ရွက်မည့် အစီအစဉ်များနှင့် အကောင်းဆုံးနည်းလမ်းများ၊ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အရည်အသွေးတူပဋိဇီဝဆေးဝါးများ ဈေးကွက် ရရှိရေး၊ ဆေးဝါးဈေးကွက်၌ ထုတ်လုပ်သူနှင့်သုံးစွဲသူများ၏ အခွင့်အရေးများမျှတမှုရှိရေး၊ ပြည်သူ့ ကျန်းမာရေးကဏ္ဍ၌ အစိုးရဝယ်ယူမှုများတွင် တင်ဒါညှိနှိုင်းဆောင်ရွက်ခြင်းများ စသည့်အကြောင်းအရာ များကို ဆွေးနွေးခဲ့ကြပါသည်။