Trade Remidies Measures သင်တန်း (သတင်းအပြည့်အစုံ)
Trade Remidies Measures သင်တန်း
(သတင်းအပြည့်အစုံ)
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ
၂။ စီမံချက်အရ ကုန်သွယ်ရေးဦးစီးဌာန၊ ဌာနခွဲများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော အရာထမ်း၊ အမှုထမ်းတို့အား “ Trade Remidies Measures သင်တန်း ” နှင့်ပတ်သက်၍ ကုန်သွယ်ရေး ကုစားမှုအစီအမံများ ဖြစ်ပေါ်လာခြင်းနှင့် WTO ၏ ကုန်သွယ်ရေးကုစားမှုအစီအမံများ၊ နိုင်ငံတကာတွင် ကုန်သွယ်ရေး ကုစားမှုအစီအမံများကျင့်သုံးမှု၊ ဒေသတွင်းကုန်သွယ်ရေးကုစားမှုအစီအမံဆိုင်ရာ သဘောတူညီချက်များ၊ မြန်မာနိုင်ငံ၏ ဥပဒေပြဋ္ဌာန်းမှုအခြေအနေ နှင့် မြန်မာနိုင်ငံပို့ကုန်အပေါ် ကုန်သွယ်ရေး ကုစားမှုအစီအမံကျင့်သုံးခံရမှု စသည့်အကြောင်းအရာများကို သိရှိနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်း ဖြစ်ပါသည်။
၃။ အဆိုပါသင်တန်းအား ၂၀၂၅ ခုနှစ်၊ မတ်လ (၂၀) ရက်နေ့မှ (၂၁) ရက်နေ့ထိ နံနက် (၁၀:၀၀) နာရီမှ (၁၂:၀၀) နာရီအချိန်ထိ မော်တော်ယာဉ်ဌာနစိတ်အနီးရှိ Multimedia သင်တန်းခန်းမ၌ ဖွင့်လှစ်ခဲ့ပါသည်။
၄။ သင်တန်းအား သင်တန်းစည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်လျက်ရှိပြီး သင်တန်းနည်းပြ အဖြစ် ကုန်သွယ်မှုမူဝါဒဌာနခွဲ၊ ညွှန်ကြားရေးမှူး ဒေါ်ချိုသက်မူ က ပို့ချပေးခဲ့ပါသည်။ အဆိုပါ သင်တန်းကို သင်တန်းသား ၊ သင်တန်းသူ စုစုပေါင်း (၂၀) ဦးတို့ တက်ရောက်ခဲ့ပါသည်။