Wednesday Talk ဆွေးနွေးပွဲ သတင်း (အပြည့်အစုံ)
Wednesday Talk ဆွေးနွေးပွဲ
သတင်း (အပြည့်အစုံ)
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃ )၊ ညီလာခံခန်းမ၌ Wednesday Talk ဆွေးနွေးပွဲကို ၂၀၂၅ ခုနှစ်၊ မတ်လ(၁၉) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီမှ (၁၁:၂၀) နာရီ အချိန်ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
၂။ Wednesday Talk ဆွေးနွေးပွဲတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်သီတာဝင်းဌေး က“ ပို့ကုန်ဈေးကွက်ရရှိရေး စီမံဆောင်ရွက်မှုများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ပြခဲ့ပါသည်။
၃။ အဆိုပါ ဆွေးနွေးပွဲတွင် ပို့ကုန်စျေးကွက်၏ အရေးပါမှု၊ ပို့ကုန်စျေးကွက်ရရှိရေး အစီအမံများ၊ ပို့ကုန်တင်ပို့နိုင်မှုအခြေအနေ၊ ပို့ကုန်စျေးကွက် အလားအလာများရှာဖွေခြင်း၊ ပို့ကုန်စျေးကွက်နှင့် ထုတ်ကုန်များ တိုးချဲ့တင်ပို့ရေး သုံးသပ်ချက်တို့ကို သိရှိနိုင်စေရန် ရည်ရွယ်၍ ဆွေးနွေးတင်ပြခဲ့ပြီး မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်း က ဖြည့်စွက် ဆွေးနွေးခဲ့ပါသည်။
၄။ ထို့နောက် ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရက Wednesday Talk ဆွေးနွေးပွဲတွင် တင်ပြဆွေးနွေးပြောကြားခဲ့သော ဒုတိယညွှန်ကြားရေးမှူး ဒေါ်သီတာဝင်းဌေး အား ဂုဏ်ပြုလက်ဆောင် ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးရုံး၊ ဒုတိယဝန်ကြီး ဦးမင်းမင်းက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ပါသည်။
၅။ အဆိုပါ Wednesday Talk ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးရုံး ဒုတိယဝန်ကြီး၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး နှင့် ဒုတိယညွှန်ကြားရေးမှူး၊ မူပိုင်ခွင့်ဦးစီးဌာန ဦးစီးအရာရှိ နှင့် အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၁၁၁) ဦးတို့ တက်ရောက်ခဲ့ပါသည်။