ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းသင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်း (သတင်းအပြည့်အစုံ)

ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းသင်တန်း အမှတ်စဉ် (၁/၂၀၂) သင်တန်း

(သတင်းအပြည့်အစုံ)

၁။         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်းများကို ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲအနေဖြင့် တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

၂။       အဆိုပါစီမံချက်အရ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ကုန်သွယ်ရေးဦးစီးဌာန၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ဦးစီးဌာနများရှိ ဝန်ထမ်းများအား ပို့ကုန်သွင်းကုန် လုပ်ထုံးလုပ်နည်းများကိုသိရှိပြီး ပေးအပ်သောတာဝန်အပေါ် စွမ်းဆောင်ရည်မြင့်မားစွာဖြင့် ကျေပွန်စွာ ထမ်းဆောင်နိုင်ရန်၊ ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းသင်တန်း အမှတ်စဉ် (၁/၂၀၂၅) ကို  ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇) ရက်နေ့ နံနက် (၁၀:၀၀) နာရီ အချိန်တွင် ရုံးအမှတ်(၃)၊ ညီလာခံခန်းမ၌ ဖွင့်ပွဲအခမ်းအနားအား ကျင်းပပြုလုပ် ခဲ့ပါသည်။

၃။      အဆိုပါသင်တန်းသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှတစ်ဆင့် ခေါ်ယူခန့်အပ်ထားသည့် အရာထမ်း များ၊ နိုင်ငံပိုင်သတင်းစာမှ ခေါ်ယူခန့်အပ်ခဲ့သည့် ဒု-ဦးစီးမှူးများနှင့် အငယ်တန်းစာရေးများ၊ လုပ်ငန်း လိုအပ်ချက်အရ ခန့်အပ်ထားသည့် နေ့စားဝန်ထမ်းများ၊ ဌာနတွင်းမှ သင်တန်းတက်ရောက်ရန် ကျန်ရှိ သည့် ဝန်ထမ်းများအား သင်တန်းဖွင့်လှစ် ပို့ချခြင်းဖြစ်ပါသည်။

၄။         အဆိုပါသင်တန်းအား ၂၀၂၅ ခုနှစ်၊  ဖေဖော်ဝါရီလ (၁၇) ရက်နေ့မှ မတ်လ(၇) ရက်နေ့ထိ နေ့စဉ် (တနင်္လာနေ့မှ သောကြာနေ့အထိ) နေ့လယ် (၁၃:၀၀) နာရီမှ (၁၅:၃၅) နာရီ အချိန်ထိ ရက်သတ္တပတ် (၃)ပတ်ကြာ မော်တော်ယာဉ်ဌာနစိတ်အနီးရှိ၊ Multimedia သင်တန်းခန်းမ၌ ဖွင့်လှစ် သင်ကြား ပို့ချသွားမည်ဖြစ်ပြီး သင်တန်းသို့ အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၅၃) ဦးတို့ တက်ရောက် သင်ကြားလျက်ရှိပါသည်။