လုပ်ငန်းများပေါင်းစည်းခြင်းနှင့်စျေးကွက်လွှမ်းမိုးမှုကို အလွဲသုံးစားပြုလုပ်ခြင်းမှ ကာကွယ်ရန်အတွက် အသိပညာပေးသင်တန်း (သတင်းအပြည့်အစုံ)

လုပ်ငန်းများပေါင်းစည်းခြင်းနှင့်စျေးကွက်လွှမ်းမိုးမှုကို အလွဲသုံးစားပြုလုပ်ခြင်းမှ ကာကွယ်ရန်အတွက် အသိပညာပေးသင်တန်း

(သတင်းအပြည့်အစုံ)

၁။         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်းများကို ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲအနေဖြင့် တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

၂။         အဆိုပါ စီမံချက်အရ ကုန်သွယ်ရေးဦးစီးဌာန၊ ဌာနခွဲများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော အရာထမ်း၊ အမှုထမ်းများအား လုပ်ငန်းများပေါင်းစည်းခြင်း အမှုကိစ္စများကို လုပ်ငန်းချင်း အရောင်းအဝယ် မပြု လုပ်မီ သုံးသပ်ခြင်းသည် အကောင်းဆုံးလုပ်ဆောင်ရမည့် အချက်များကို  သိရှိစေရန်ရည်ရွယ်၍ “ လုပ်ငန်း များ ပေါင်းစည်းခြင်းနှင့်စျေးကွက်လွှမ်းမိုးမှုကို အလွဲသုံးစားပြုလုပ်ခြင်းမှ ကာကွယ်ရန်အတွက် အသိပညာပေး သင်တန်း” ကို ဖွင့်လှစ်ရခြင်း ဖြစ်ပါသည်။

၃။         “လုပ်ငန်းများပေါင်းစည်းခြင်းနှင့်စျေးကွက်လွှမ်းမိုးမှုကို အလွဲသုံးစားပြုလုပ်ခြင်းမှ ကာကွယ်ရန် အတွက် အသိပညာပေးသင်တန်း အား ၂၀၂၄ ခုနှစ်၊  ဒီဇင်ဘာလ (၅) ရက်နေ့မှ (၆) ရက် နေ့ထိ နေ့လယ် (၁၃:၃၀) နာရီမှ (၁၅:၃၀) နာရီထိ ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဌာနခွဲ အနီးရှိ သင်တန်းခန်းမ၌ ဖွင့်လှစ်ခဲ့ပါသည်။

၄။         အဆိုပါသင်တန်းအား သင်တန်းစည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်လျက်ရှိပြီး သင်တန်း နည်းပြအဖြစ် ယှဉ်ပြိုင်မှုမူဝါဒဌာနခွဲ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အိရွှေစင် က သင်ခန်းစာ များကို ပို့ချပေးခဲ့ပါသည်။ အဆိုပါ သင်တန်းကို သင်တန်းသား ၊ သင်တန်းသူ စုစုပေါင်း (၂၀) ဦးတို့ တက်ရောက်ခဲ့ပါသည်။