ထိုင်းနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၃ ခုနှစ်တွင် ကိုဗစ်-၁၉ မတိုင်ခင်ကာလသို့ ြပန်လည်ရောက်ရှိမည်ဖြစ်ကြောင်း စိးပွားရေးစင်္ကြံရုံး (Eastern Economic Corridor Office-EECO) က ခန့်မှန်းတွက်ချက်ထား

     ထိုင်းနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၃ ခုနှစ်တွင် (၃.၈) ရာခိုင်နှုန်းတိုးတက်လာမည်ဟု ယုံကြည် ကြောင်း EECO က ပြောကြားခဲ့သည်။

     သို့သော်လည်း အတိုးနှုန်းမြင့်တက်မှုနှင့် ထုတ်လုပ်မှုကုန်ကျစရိတ်  မြင့်တက်မှုများကြောင့် တင်ပို့ ခြင်း (Export) တွင် ကျဆင်းနေဆဲဖြစ်သည်။

    ၂၀၂၂ ခုနှစ်၊ တတိယသုံးလပတ်တွင် ထိုင်းစီးပွားရေးသည် (၄.၅) ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း EECO ကပြောကြားခဲ့သည်။

    ၂၀၂၂ ခုနှစ်၊ ပထမကိုးလအတွင်း အရှေ့စီးပွားရေးစင်္ကြံအတွက် ရည်ရွယ်ထားသော လုပ်ငန်းစီမံကိန်း (၃၇၆) ခုတွင် ဘတ် (၂၄၇) ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့ရာ အောင်မြင်မှုများ ရရှိခဲ့သည်။

    ရင်းနှီးမြှုပ်နှံခဲ့သည့်လုပ်ငန်းများအနေဖြင့် ဒီဂျစ်တယ်နည်းပညာလုပ်ငန်း၊ ဇီဝလောင်စာနှင့်ဇီဝဓါတု လုပ်ငန်း၊ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်း၊စက်ရုပ်တီထွင်မှုလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ခရီးသွား လုပ်ငန်း၊ ဆေးပညာနှင့်သက်ဆိုင်သည့်လုပ်ငန်း၊ မော်တော်ယာဉ်ထုတ်လုပ်ခြင်း စသည့်ကဏ္ဍများပါဝင်သည်။

    ၂၀၂၂ ခုနှစ်၊ တတိယသုံးလပတ်အတွင်း အရှေ့စီးပွားရေးစင်္ကြံတွင် လုပ်ငန်း (၇၇) ခုတွင် ဘတ် (၆.၆၆) ဘီလီယံ ထပ်မံရင်းနှီးမြှုပ်နှံထားကြောင်း EECO က ပြောကြားခဲ့သည်။

ရင်းမြစ်။ Nation Thailand