ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်း တင်သွင်းမှု အခြေအနေ

                    ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများ ကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက ဖြစ်သည်။
 

၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၁ရက်နေ့မှ ၂၂ရက်နေ့အထိ ပို့ကုန်တန်ချိန် (၆၅၉၈Anchor.၄၉၇)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၀.၇၁၃)သန်းနှင့်သွင်းကုန်(၁၇၃.၂၅၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၁၄၃)သန်းဖြစ်ပြီး ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ(၀.၈၅၆)သန်း ဆောင်ရွက်နိုင် ခဲ့ပါသည်။

                      ပို့ကုန်ပိုင်းအနေဖြင့် ၂၀၂၄ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့မှ ၂၂ရက်နေ့အထိ ရေထွက်ကုန် ပစ္စည်းအုပ်စုတွင် (၅၂၉၈.၃၃၇) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၀.၄၆၃)သန်း၊ လယ်ယာထွက် ကုန်ပစ္စည်းအုပ်စုတွင် (၁၀၀၀.၀၀၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၀.၂၂၅)သန်းနှင့် အခြား ပစ္စည်းအုပ်စုတွင် (၃၀၀.၁၆၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၀၂၅)သန်း တင်ပို့နိုင်ခဲ့ပါသည်။ ပို့ကုန် တိုးမြှင့်ရေး အဓိကဆောင်ရွက်လျက်ရှိရာ ပြောင်းသီးနှံအား တစ်ဘက်ထိုင်းနိုင်ငံမှ Quota  ကာလ အနေဖြင့် နှစ်စဉ် ဖေဖော်ဝါရီလ(၁)ရက်မှ ဩဂုတ်လ (၃၁)ရက်နေ့အထိ ခွင့်ပြုထားသဖြင့် မိမိနိုင်ငံ ထွက်ပြောင်းများကို ပင်လယ်ရေကြောင်း ရန်ကုန်ဆိပ်ကမ်းများမှတစ်ဆင့် ရနောင်း ဆိပ်ကမ်းသို့ တိုက်ရိုက်တင်ပို့လျက်ရှိသကဲ့သို့ နယ်စပ်လမ်းကြောင်း ကော့သောင်းမှတစ်ဆင့် တင်ပို့မှုများလည်း ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၄ ခုနှစ်၊ ဧပြီလ(၂၂) ရက်နေ့အထိ နယ်စပ်ကုန်သွယ်မှုအနေဖြင့် ကော့သောင်းမှ ရနောင်းသို့ ပြောင်းတန်ချိန် (၂၀၄၃၇.၆၈၄) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၄.၆၂၆)သန်းအား တင်ပို့နိုင်ခဲ့ပါသည်။

                      သွင်းကုန်ပိုင်းအနေဖြင့်၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၁ရက်နေ့မှ ၂၂ ရက်နေ့အထိ လုပ်ငန်းသုံး ပစ္စည်းအုပ်စုတွင် (၁၇၃.၂၅၀) တန်၊တန်ဖိုးအမေရိကန်ဒေါ်လာ(၀.၁၄၃)သန်း တင်သွင်းခဲ့ပါသည်။
 

                      ကော့သောင်းနယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှု ကိစ္စရပ် များကို သက်ဆိုင်ရာ AD Bank များဖြစ်သည့် A Bank ၊ MEB ၊ KBZ၊ AYA တို့ဖြင့် ဆောင်ရွက် လျက်ရှိသည်။(၂၁-၄-၂၀၂၄) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁)သိန်းလျှင် (၉၆၁.၅၀) ဘတ်၊ (၁) ဘတ်လျှင် မြန်မာငွေ(၁၀၄)ကျပ်ခန့် (၂၀-၃-၂၀၂၄)ရက်နေ့ နှိုင်းယှဉ်လျှင်တည်ငြိမ်လျက် ရှိသည်။ စက်သုံးဆီဈေးနှုန်းများအနေဖြင့် ဓာတ်ဆီ ၁ ဂါလံလျှင် (၁၄၁၇၅) ကျပ်၊ ဒီဇယ် ၁ ဂါလံလျှင် (၁၄၄၀၀) ကျပ်ဖြင့် တည်ငြိမ်လျက်ရှိသည်။