ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုအခြေအနေ

          ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ခုနှစ်၊ မတ်လကုန်သွယ်မှုလျာထားချက်မှာပို့ကုန်(20.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၂.၅၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၂2.၅၀၀) ဒေါ်လာသန်းAnchorဖြစ်ပါသည်။
 

၂၀၂၃-၂၀၂၄ ခုနှစ်၊မတ်လအမှန်ဆောင်ရွက်နိုင်မှုမှာပို့ကုန်(၃၈.၆၈၂) ဒေါ်လာသန်း၊ သွင်းကုန်(၄.၈၈၅)ဒေါ်လာသန်း၊စုစုပေါင်း(၄၃.၅၆၆)ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၁၉၃.၆၂၈%) ဆောင်ရွက်နိုင်ခဲ့ပါသည်။ ၂၀၂၄ခုနှစ်၊ဧပြီလ (၁) ရက်နေ့ထိအမှန်ဆောင်ရွက်နိုင်မှုမှာပို့ကုန်(0965) ဒေါ်လာသန်း၊ သွင်းကုန် (၀.205)ဒေါ်လာသန်း၊ စုစုပေါင်း(1.170)ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့ပါသည်။

          ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်နှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ဧပြီလ(၁)ရက်အတွင်းပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ဆန်၊ နှမ်း၊ ပဲယင်း၊ပဲလွန်း၊ မြေပဲဆံ၊မြေထောက်ပဲ၊ နိုင်လွန်ပဲ၊ထောပတ်ပဲ၊ ပဲတောင့်ရှည်၊ ဖရဲသီး၊ ရွှေဖရုံသီး၊ငရုတ်သီး၊ မကျည်းသီး(အစေ့ပါ)၊သခွားမွှေး၊ ကြက်သွန်နီ၊အင်ကြင်းကျောက်၊ စကျင်ကျောက်ဆင်းတု၊ ဝါး၊ လောင်စာတောင့်နှင့်သန့်စင်ပြီးသံမှုန့်ိိတို့တင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များ၊ သစ်သီးများနှင့် CMP စပစ္စည်းများတင်သွင်းနိုင်ခဲ့ပါသည်။

          ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၄ခုနှစ်၊မတ်လ(၃၁)ရက်မှ ဧပြီလ(၁) ရက်နေ့အထိပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျောတင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၅၃၀) ယွမ်/ (၃၄၇)ဒေါ်လာတို့ဖြင့် တန်ချိန် (5684) တန်၊ တန်ဖိုး(1.973) ဒေါ်လာသန်း၊ပဲမျိုးစုံတင်ပို့မှုအနေဖြင့်ထောပတ်ပဲတန်ချိန်(၇၀.25) တန်၊ တန်ဖိုး (၀.၀၈၆) ဒေါ်လာသန်း၊ပဲကြီးတန်ချိန် (၃၂.၂၅) တန်၊ တန်ဖိုး (၀.၀၂၉) ဒေါ်လာသန်း၊ပဲယင်းတန်ချိန် (၃၃) တန်၊ တန်ဖိုး (၀.၀၂၁) ဒေါ်လာသန်း၊သစ်သီးဝလံတင်ပို့မှုအနေဖြင့်ရွှေဖရုံသီးတန်ချိန် (၂၀၃) တန်၊ တန်ဖိုး(၀.၀၂၀)ဒေါ်လာသန်း၊ဖရဲသီးတန်ချိန် (၁၇၅)တန်၊ တန်ဖိုး (၀.၀၁၈) ဒေါ်လာသန်း၊ငရုတ်သီးတန်ချိန် (၁၀၂) တန်၊ တန်ဖိုး(၀.၀၄၂)ဒေါ်လာသန်း၊ကြက်သွန်နီတန်ချိန် (၁၇၂.၅၀) တန်၊ တန်ဖိုး (၀.၀၅၄) ဒေါ်လာသန်းနှင့် လောင်စာတောင့်တန်ချိန် (၅၀) တန်၊ တန်ဖိုး (၀.၀၁၂) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။

အများဆုံးသွင်းကုန်ပစ္စည်းများမှာသံကြိုးခွေ၊ Hollow Pipe ၊ Iron Pipe၊လိမ္မော်သီးနှင့် လူသုံးအဝတ်အထည်များဖြစ်ပြီးရင်းနှီးမြှုပ်နှံမှုပစ္စည်းတန်ချိန် (၇၅.၃၀၀) တန်၊ တန်ဖိုး(၀.၀၅၈)ဒေါ်လာသန်း၊လုပ်ငန်းသုံးပစ္စည်းတန်ချိန် (၃၅) တန်၊ တန်ဖိုး (၀.၀၂၉) ဒေါ်လာသန်းနှင့်လူသုံးကုန်ပစ္စည်းတန်ချိန် (၁၀၅) တန်၊ တန်ဖိုး (၀.၀၆၆) ဒေါ်လာသန်းနှင့် CMP အထည်ချုပ်ပစ္စည်းတန်ချိန် (၁၇.၅၆၄) တန်၊ တန်ဖိုး (၀.၁၂၁) ဒေါ်လာသန်းတို့ တင်သွင်းနိုင်ခဲ့ပါသည်။
 

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့် တင်ဆောင်ခြင်းမဟုတ်ဘဲငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင်ယာဉ်များသည် သက်ဆိုင်ရာကုမ္ပဏီပိုင် ယာဉ်များဖြင့်သာတင်ပို့တင်သွင်းခြင်းဖြစ်ပါသည်။

          ကံပိုင်တည်-ဝိုင်းမော်-မြစ်ကြီးနားကုန်သွယ်မှုလမ်းကြောင်း၌ တောင်ပြိုခြင်း၊ လမ်းပိတ်ဆို့ ခြင်းများမရှိဘဲကုန်တင်ယာဉ်များပုံမှန်သွားလာလျက်ရှိပါသည်။