ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

   ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ မတ်လကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် 20.၀၀ ဒေါ်လာသန်းနှင့် သွင်းကုန် ၂.၅၀ ဒေါ်လာသန်းဖြင့် စုစုပေါင်း ၂2.၅၀ ဒေါ်လာသန်း ဖြစ်ပါ သည်။ မတ်လ ၃၀ ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန် ၃၇.၁၈၇ ဒေါ်လာသန်းနှင့် သွင်းကုန် ၅.၁၀၇ ဒေါ်လာသန်း၊ စုစုပေါင်း ၄၂.၂၉၄ ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် ၁၈၇.၉၇၂% ဆောင်ရွက် နိုင်ခဲ့ပါသည်။
 

   ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့မှ ၃၀ ရက်နေ့အထိ ပို့ကုန်ပိုင်း တွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျော ၁၄၇၁၉ တန်၊ နှမ်း ၃၅ တန်၊ ပဲမျိုးစုံ တင်ပို့မှုအနေဖြင့် မြေထောက်ပဲ ၆၈ တန်၊ ထောပတ်ပဲ ၇၀ တန်၊ နိုင်လွန်ပဲ ၁၃၆ တန်၊ ပဲတောင့်ရှည် ၆၇ တန်၊ ပဲယင်း ၂၄၁ တန်၊ သစ်သီးဝလံ တင်ပို့မှုအနေဖြင့် ရွှေဖရုံသီး ၇၄၄ တန်၊ ဖရဲသီး ၃၅၀ တန်၊ ငရုတ်သီး ၂၇၂ တန်၊ ကြက်သွန်နီ ၂၈၈၈ တန်၊ သန့်စင်ပြီးသံမှုန့် ၅၆ တန်နှင့် စကျင်ကျောက်ဆင်းတု ၁၆.၆၅ တန် တင်ပို့နိုင်ခဲ့ ပါသည်။
 

   အများဆုံးသွင်းကုန်ပစ္စည်းများမှာ သံကြိုးခွေ၊ Hollow Pipe ၊ Iron Pipe၊ လိမ္မော်သီးနှင့် လူသုံး အဝတ်အထည်များဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပစ္စည်း၊ လုပ်ငန်းသုံးပစ္စည်းနှင့် လူသုံးကုန်ပစ္စည်းနှင့် CMP အထည်ချုပ်ပစ္စည်းတို့ တင်သွင်းနိုင်ခဲ့ကြောင်း သိရှိရသည်။

   DOT (ကံပိုင်တည်)