ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်း တင်သွင်းမှု အခြေအနေ
ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများ ကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက ဖြစ်သည်။
၂၀၂၄ ခုနှစ်၊မတ်လ ကုန်သွယ်မှုလျာထားချက်မှာ အမေရိကန်ဒေါ်လာ (၂၄ .၅၀၀) သန်း ဖြစ်ပြီး (၂၅-၃-၂၀၂၄)ရက်နေ့ထိ အမှန်ဆောင်ရွက်နိုင်မှုမှာ (၂၈.၄၅၉)ဒေါ်လာသန်း ဆောင်ရွက်နိုင် ခဲ့သဖြင့် လျာထားချက်အပေါ် (၁၁၆.၁၅၉ % ) ဆောင်ရွက်နိုင်ခဲ့ပါသည်။
၂၀၂၄ ခုနှစ်၊ မတ်လ၂၄ ရက်နေ့မှ ၂၅ရက်နေ့အထိ ပို့ကုန်တန်ချိန် (၁၅၃၇.၄၅၅)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၀.၉၆၆)သန်းနှင့်သွင်းကုန်တန်ချိန်(၃၀၃.၇၁၂)တန်၊(၉၉၇)U၊(၆၁၂၀၀)2U၊(၁၃၂၈၀.၈၃၀)M2၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၀.၂၆၀)သန်းဖြစ်ပြီး ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ(၁.၂၂၆) သန်းဖြစ်ပါသည်။
ပို့ကုန်ပိုင်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ မတ်လ၂၄ ရက်နေ့မှ၂၅ရက်နေ့အထိ ရေထွက်ကုန် ပစ္စည်းအုပ်စုတွင် (၁၁၁၇.၁၇၅)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၀.၉၃၀)သန်း၊ အခြားပစ္စည်း အုပ်စုတွင်(၄၂၀.၂၈၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၀၃၆)သန်း တင်ပို့နိုင်ခဲ့ပါသည်။ ယခုတစ်ပတ်အတွင်း ငါးဈေးနှုန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
စဉ် အမည် အရေအတွက် ဈေးနှုန်း
(၁) မျက်လုံးကျယ်(200-300gm)၁ ကီလိုဂရမ် ၀.၈၇၀ ဒေါ်လာ
(၂) စက်ဟောက်(100-200 gm)၁ ကီလိုဂရမ် ၀.၆၉၃ ဒေါ်လာ
(၃) ကင်းမွန်(8 cm down) ၁ ကီလိုဂရမ် ၁.၇၉၀ ဒေါ်လာ
(၄) သဲဂဏန်း ၁ ကီလိုဂရမ် ၃.၈၉၀ ဒေါ်လာ
(၅) ပလာတူး ၁ ကီလိုဂရမ် ၀.၉၈၀ဒေါ်လာ
(၆) သဲတိုး(100-300gm) ၁ ကီလိုဂရမ် ၁.၀၉၀ဒေါ်လာ
(၇) ငါးဗျောသီး(100-200 gm) ၁ ကီလိုဂရမ် ၀.၆၉၃ဒေါ်လာ
(၈) ငါးဒင်္ဂါး(100-200 gm) ၁ ကီလိုဂရမ် ၀.၇၆၀ဒေါ်လာ
(၉) ပလာလန်း ၁ ကီလိုဂရမ် ၁.၁၀၀ ဒေါ်လာ
(၁၀)ငါးပုလွေ(100-200gm) ၁ ကီလိုဂရမ် ၁.၀၁၀ ဒေါ်လာ