မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

၁။     မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျှက် ရှိရာ(၂-၁၂-၂၀၂၃) ရက်နေ့မှ (၄-၁၂-၂၀၂၃) ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက် ကုန်ပစ္စည်းများဖြစ်သည့်ငရုတ်၊ဂေါ်ဖီ၊ ကြက်သွန်နီ၊ မတ်ပဲ၊ ချင်းခြောက်၊ ပြောင်းမှုန့်၊ နနွင်းတက်၊ မကျည်းသီး(အစေ့ပါ)၊ ငါးဖမ်းပိုက်၊ ပုလင်းကွဲ၊ တောထန်းမြစ်ခြောက်၊ ရေထွက်ပစ္စည်းများဖြစ် သော ငါးကြင်းဆီဖောင်းခြောက်၊ ကဏန်း၊ပုစွန်၊ငါးကြိတ်သား၊ငါးပါးလျှပ်၊ ငါးမွှေထိုး၊ကျောက်ငါး၊ ငါးသင်ဖြူး၊ ငါးခွေးလျှာ၊ တွင်းထွက်ပစ္စည်းများဖြစ်သော ခဲ/ သတ္တုများ နှင့် CMP ပစ္စည်းများကို တင်ပို့ခဲ့ပါသည်။ 
 

၂။     (၂-၁၂-၂၀၂၃) ရက်နေ့မှ (၄-၁၂-၂၀၂၃)ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်း များမှာ ငရုတ်၊ ကြက်သွန်နီ၊ ရေထွက်ပစ္စည်းများနှင့် CMP ပစ္စည်းများဖြစ်ပါသည်။

၃။     ယခုအခါထိုင်းနိုင်ငံမှစားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာဆောင်ရွက်လာမှုနှင့်အတူ အသုံးပြုရန် လိုအပ်ချက်ကြောင့် စားသောက်ကုန်ပစ္စည်း ကုန်ကြမ်းဝယ်လိုအား မြင့်တက်နေ၍ လတ်တလောကာလများတွင် ပိုမိုတင်ပို့နိုင်ခဲ့ပါသ ည်။

၄။     ပုပ်သိုးပျက်စီးလွယ်သည့်ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီနှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာ တင်ပို့နိုင်ရေးအတွက် ကုန်ပစ္စည်းစစ်ဆေးမှုများတွင် ဦးစား ပေးဆောင်ရွက်ပေးလျက်ရှိပါသည်။
 

၅။     (၂-၁၂-၂၀၂၃) ရက်နေ့မှ (၄-၁၂-၂၀၂၃)  ရက်နေ့ထိ သွင်းကုန်ပစ္စည်း တင်သွင်းမှုအနေဖြင့် တိရိစ္ဆာန်အစာ၊ စက်ဘီး၊ အဝတ်အထည်၊ စာရေးကိရိယာ၊ ကားအပိုပစ္စည်း၊ ဆောက်လုပ်ရေးလုပ် ငန်းသုံးပစ္စည်း များနှင့် ယာဉ်ယန္တရားများ၊ ဓာတ်မြေဩဇာ၊ ဆိုင်ကယ်အပိုပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန်၊ အလှကုန်ပစ္စည်း၊ CMP ၊ ဆေးဝါးများ၊ ဖိနပ်၊ သစ်သီးမျိုးစုံ၊ အိမ်သုတ်ဆေး၊ အိမ်သုံးပစ္စည်း၊လူသုံးကုန်ပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ စက်နှင့်စက်ပစ္စည်းကိရိယာများနှင့် ငါးဖမ်း ပစ္စည်းတို့ကို တင်သွင်းခဲ့ပါသည်။

၆။     (၂-၁၂-၂၀၂၃)ရက်နေ့မှ(၄-၁၂-၂၀၂၃)ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း များမှာအဝတ်အထည်၊CMP၊စားသောက်ကုန်ပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊စက်နှင့် စက်အပိုပစ္စည်းများ၊ သစ်သီးမျိုးစုံနှင့် လူသုံးကုန်ပစ္စည်းတို့ ဖြစ်ပါသည်။

၇။     ပြင်ပငွေလဲနှုန်းအနေဖြင့် ယခင်အပတ်က တစ်ဘတ်လျှင် (၉၅.၆၉)ကျပ်ရှိပြီး ယခုအပတ် တွင် (၉၆.၆၂) ကျပ် ဖြစ်ပါသဖြင့်  ဘတ်စျေးအနည်းငယ်မြင့်တက်သွားပါသည်။

၈။     (၂၅-၁၁-၂၀၂၃ မှ ၁-၁၂-၂၀၂၃)ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငရုတ်(ခြောက်)(၁)တန်လျှင်(၁၅၄၉.၅၃၈)ဒေါ်လာဖြင့်(၅၈၄.၀၄၅) တန်၊ (၀.၉၀၅) ဒေါ်လာ သန်း၊ ကြက်သွန်နီ (၁)တန်လျှင် (၈၀၀.၄၃၀) ဒေါ်လာဖြင့် (၁၀၀၄.၄၆၀)တန်  (၀.၈၀၄) ဒေါ်လာသန်း၊ ဂေါ်ဖီထုပ်(၁)တန်လျှင် (၂၀၃.၉၄၀)ဒေါ်လာဖြင့် (၂၇၄၁)တန် (၀.၅၅၉)ဒေါ်လာသန်း၊ ချုပ်ပြီး အထည် (၆၀၈၇၉)u၊ (၂.၀၃၉) တန်လျှင် (၀.၄၅၂)ဒေါ်လာသန်း၊ မတ်ပဲ (၁) တန်လျှင် (၁၄၃၇.၅) ဒေါ်လာဖြင့်(၁၆၀.၀၀၀)တန်(၀.၂၃၀)ဒေါ်လာသန်း၊ ကော်ဖီစေ့(၁)တန်လျှင်(၄၂၇၇.၇၇၈)ဒေါ်လာ ဖြင့်(၃၆)တန်(၀.၁၅၄)ဒေါ်လာသန်း၊ကွမ်းသီး(၁) တန်လျှင် (၁၅၂၇.၇၇၈) ဒေါ်လာဖြင့် (၇၂.၀၀၀) တန်(၀.၁၁၀)ဒေါ်လာသန်း၊ သတ္တုနှင့်သတ္တုရိုင်းများ (၁)တန်လျှင် (၂၁၂၀) ဒေါ်လာဖြင့် (၂၅) တန် (၀.၀၅၃)ဒေါ်လာသန်း၊ငရုတ်သီး(စိမ်း)(အစို) (၁) တန်လျှင် (၃၂၀.၈၅၈) ဒေါ်လာဖြင့် (၁၁၅.၃၁၆) တန် (၀.၀၃၇) ဒေါ်လာသန်း၊ အခြားရေထွက်ပစ္စည်း  (၁) တန်လျှင် (၃၃၂၈.၅၀၉) ဒေါ်လာဖြင့် (၆.၉၁၀) တန် (၀.၀၂၃) ဒေါ်လာသန်းတို့ ဖြစ်ပါသည်။

၉။     (၂၅-၁၁-၂၀၂၃ မှ ၁-၁၂-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း (၁၀)မျိုးမှာ ပလတ်စတစ်ကုန်ကြမ်းပစ္စည်းများ (၂.၀၈၅) ဒေါ်လာသန်း၊ ချည်ထည်များ (၁.၈၁၃) ဒေါ်လာသန်း၊ ဆေးဝါးပစ္စည်းများ (၁.၀၆၇)ဒေါ်လာသန်း၊ တွင်းထွက်(သတ္တုမှအပ) ဆောက်လုပ် ရေးပစ္စည်းများ(၀.၇၈၉)ဒေါ်လာသန်း၊ ဆပ်ပြာ(၀.၆၇၁) ဒေါ်လာသန်း၊သံနှင့်သံမဏိဆောက်လုပ် ရေးပစ္စည်းများ (၀.၆၄၈) ဒေါ်လာသန်း၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ (၀.၅၇၀) ဒေါ်လာသန်း၊ အလှကုန်ပစ္စည်းများ (၀.၅၄၅) ဒေါ်လာသန်း၊  သံနှင့်သံမဏိပစ္စည်းများ (၀.၄၇၄) ဒေါ်လာသန်း၊ ဝါယာကြိုးများ (၀.၄၀၆) ဒေါ်လာသန်းတို့ဖြစ်ပါသည်။

၁၀။   မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ၂၀၂၃  ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၄ ရက်နေ့အထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၀.၃၈၃) ကန်ဒေါ်လာသန်း၊ သွင်းကုန် (၄.၀၇၈) ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၄.၄၆၁ ) ကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။