လွယ်ဂျယ်နယ်စပ်ကုန်စည်စီးဆင်းမှုအခြေအနေ

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့
 

လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့်(၁၁-၁၂-၂၀၂၃) မှ (၁၂-၁၂-၂၀၂၃) ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ပြောင်း (၁၅၇.၀၀)တန်၊ တန်ဖိုး (၀.၀၄၀) ဒေါ်လာသန်း၊ ရော်ဘာ (၉၉.၀၀) တန်၊ တန်ဖိုး (၀.၁၃၇) ဒေါ်လာသန်း၊ တစ်သျှူးငှက်ပျော (၉၆.၀၀) တန်၊ တန်ဖိုး (၀.၀၃၅) ဒေါ်လာသန်း၊ ဖရဲသီး (၃၁၀.၀၀) တန်၊ တန်ဖိုး (၀.၀၄၅) ဒေါ်လာသန်း၊ သခွားမွှေး (၉၄.၀၀) တန်၊ တန်ဖိုး (၀.၀၂၀) ဒေါ်လာသန်း၊ ကြံ (၁၅.၀၀) တန်၊ တန်ဖိုး (၀.၀၀၁) ဒေါ်လာသန်း၊ ငရုပ်သီးခြောက် (၁၅.၀၀) တန်၊ တန်ဖိုး (၀.၀၂၄) ဒေါ်လာသန်း၊ ဆေးကုလားမ (၁၅.၀၀) တန်၊ တန်ဖိုး (၀.၀၃၉) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။

              ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ဆန်တစ်တန်လျှင် (၄၆၉) ဒေါ်လာ၊ ဆန်ကွဲ တစ်တန်လျှင် (၄၀၈)ဒေါ်လာ၊ ပြောင်းတစ်တန်လျှင် (၃၁၀) ဒေါ်လာနှင့် ကြိမ်တစ်တန်လျှင် (၆၀၀) ဒေါ်လာ၊ ဖရဲသီး တစ်တန်လျှင် (၁၅၀)ဒေါ်လာ၊ရာဘာ တစ်တန်လျှင် (၁၃၀၀) ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခမှာ ဗန်းမော်မှလွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၁၅၀)ကျပ်ရှိကြောင်းသိရှိရပါသည်။
 

          ယခုအပတ်အတွင်းသွင်းကုန်ပိုင်းတွင်ဆေးဝါးပစ္စည်း (၅၉၈၈၀၀) U ၊တန်ဖိုး (၀.၀၉၈) ဒေါ်လာသန်း၊ ဂျပ်ဖာ (၂၂.၀၀) တန်၊ တန်ဖိုး (၀.၀၀၉) ဒေါလာသန်း၊ ထွန်စက် (၂) U ၊ တန်ဖိုး (၀.၀၁၈) ဒေါ်လာသန်း၊ ချည် (၂၈.၆၀) တန်၊ တန်ဖိုး (၀.၀၁၇) ဒေါ်လာသန်း၊ တစ်သျှူးလိပ် (၃.၅၀) တန်၊ တန်ဖိုး (၀.၀၀၇) ဒေါ်လာသန်း၊ မြက်ခင်းတု (၈.၀၀) တန်၊ တန်ဖိုး (၀.၀၀၅) ဒေါ်လာသန်း၊ ပတ္တာကြိုး (၄၃.၀၀) တန်၊ တန်ဖိုး (၀.၀၅၃) ဒေါ်လာသန်း၊ စောင် (၂၃.၀၀) တန်၊ တန်ဖိုး (၀.၀၁၂) ဒေါ်လာသန်း၊ ပိုက် (၁၆.၅၀) တန်၊ တန်ဖိုး (၀.၀၂၃) ဒေါ်လာသန်း၊ နန်းကြိုးခွေ(၁၆.၀၀) တန်၊ တန်ဖိုး (၀.၀၁၁) ဒေါ်လာသန်း၊ ဖော့ (၁၀.၀၀) တန်၊ တန်ဖိုး (၀.၀၀၇) ဒေါ်လာသန်း၊ ကုန်စုံ (၁၉၁.၈၀) တန်၊ (၂၈၅၀၉) U၊ (၁၀၀၀) PR၊ တန်ဖိုး (၀.၁၅၅) ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့ပါသည်။

              သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်နှစ်ဘီးထွန်စက်တစ်စီးလျှင် (၆၀၀)ဒေါ်လာ၊ စက္ကူလိပ် တစ်တန်လျှင် (၃၅၀) ဒေါ်လာ၊ ပီနံအိတ် တစ်တန်လျှင် (၈၀၀) ဒေါ်လာ၊ ပိတ်လိပ်တစ်တန်လျှင် (၅၇၀)ဒေါ်လာ၊ ချည်ခင် တစ်တန်လျှင် (၆၆၇)ဒေါ်လာရှိ၍ လွယ်ဂျယ်မှဗန်းမော်သို့သယ်ယူပို့ဆောင်ခမှာ (၁၂)ဘီးယာဉ်(၁)စီးလျှင် ကုန်ကျစ်(၁၂၀၀၀၀၀)ကျပ်၊ကုန်ပွ(၈၀၀၀၀၀)ကျပ်နှင့်ကုန်စုံတစ်စီးလျှင် (၁၀၀၀၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရပါသည်။

              ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်း များအားမန္တလေး - လက်ပံလှ - ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်း၊ဗန်းမော်ဒေသထွက်ပို့ကုန်ပစ္စည်းများအားဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်းအတိုင်းတင်ပို့လျက်ရှိပြီးသွင်းကုန်ပစ္စည်းများအား လွယ်ဂျယ်- စိန်လုံ-မိုးမောက်(ကျောက်စခန်း)-ဗန်းမော်လမ်းကြောင်းအတိုင်းကုန်သွယ်မှုပြုလုပ်လျက်ရှိပါသည်။