မြိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်တင်ပို့/တင်သွင်းနိုင်မှုအခြေအနေ

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့
 

      မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၃ ခုနှစ်၊ဒီဇင်ဘာလ(၁၁)ရက်နေ့မှဒီဇင်ဘာလ(၁၂) ရက်နေ့အတွင်း ပို့ကုန်တင်ပို့မှုငါးမှုန့်တစ်တန်လျှင် (၉၀၂) ဒေါ်လာနှုန်းဖြင့်(၉၅၀) တန် ၊ တန်ဖိုး (၀.၈၅၇) ဒေါ်လာသန်းအား ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် FormD  အကျိုးခံစားခွင့်လျှောက်ထားရယူ၍ ထိုင်းနိုင်ငံ ၊ ရနောင်းမြို့သို့ရေလမ်းကြောင်းဖြင့်လည်းကောင်း၊ငါးကြိတ်သားတစ်တန်လျှင် (၁၈၂၂) ဒေါ်လာနှုန်းဖြင့်(၂၇) တန် ၊ တန်ဖိုး (၀.၀၄၉) ဒေါ်လာသန်းအား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် FormD အကျိုးခံစားခွင့်လျှောက်ထားရယူ၍ ထိုင်းနိုင်ငံသို့ကားလမ်းကြောင်းဖြင့်မောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ပရာကျွတ်ကရီခမ်ခရိုင်သို့လည်းကောင်းစုစုပေါင်းပို့ကုန် တန်ဖိုး(၀.၉၀၆)ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိကုန်(၁)တန်လျှင်ကားခ (ကုန်ကျစ်)၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်း)ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန်လမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်းသိရှိရပါသည်။

     မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၃ ခုနှစ်၊ဒီဇင်ဘာလ(၁၁)ရက်နေ့မှ ဒီဇင်ဘာလ (၁၂) ရက်နေ့ အတွင်းသွင်းကုန်တင်သွင်းမှုမရှိပါ။မြိတ်ဒေသတွင် ဓာတ်ဆီတစ်လီတာ (၂၈၅၀) ကျပ်နှင့်ဒီဇယ်တစ်လီတာ (၂၈၆၀) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊  ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁) ဘတ်Anchorလျှင် (၉၇) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။