လွယ်ဂျယ်နယ်စပ်ကုန်စည်စီးဆင်းမှုအခြေအနေ

လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့်(၂၀-၁၂-၂၀၂၃) မှ (၂၄-၁၂-၂၀၂၃) ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန် (၂၀၃၃.၀၀) တန်၊ တန်ဖိုး (၁.၁၅၀) ဒေါ်လာသန်း၊ ဆန်ကွဲ (၆၄၄.၅၀) တန်၊ တန်ဖိုး (၀.၂၈၃) ဒေါ်လာသန်း၊ ပြောင်း (၂၀၆၂.၅၅)တန်၊ တန်ဖိုး (၀.၅၁၇) ဒေါ်လာသန်း၊ ရော်ဘာ (၂၉၅.၀၀) တန်၊ တန်ဖိုး (၀.၄၁၅) ဒေါ်လာသန်း၊ တစ်သျှူးငှက်ပျော (၁၂၁၆.၀၀) တန်၊ တန်ဖိုး (၀.၄၄၂) ဒေါ်လာသန်း၊ ဖရဲသီး (၈၄၇.၀၀) တန်၊ တန်ဖိုး (၀.၁၂၂) ဒေါ်လာသန်း၊ သခွားမွှေး (၃၄၈.၀၀) တန်၊ တန်ဖိုး (၀.၀၇၃) ဒေါ်လာသန်း၊ ကြံ (၆၁၅.၀၀) တန်၊ တန်ဖိုး (၀.၀၂၅) ဒေါ်လာသန်း၊ ရှောက်ကောသီး (၈၂.၀၀) တန်၊ တန်ဖိုး (၀.၀၇၁) ဒေါ်လာသန်း၊ သီဟိုစေ့ (၃၂.၀၀) တန်၊ တန်ဖိုး (၀.၁၆၄) ဒေါ်လာသန်း၊ ဆီးဆံ (၁၆.၀၀) တန်၊ တန်ဖိုး (၀.၀၀၃) ဒေါ်လာသန်း၊ ပဲယင်း (၁၀၈.၀၀) တန်၊ တန်ဖိုး (၀.၀၆၅) ဒေါ်လာသန်း၊ ဆီးစေ့ခွဲခြမ်း (၂၅.၀၀) တန်၊ တန်ဖိုး (၀.၀၁၃) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။
 

              ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ဆန်တစ်တန်လျှင် (၄၆၉) ဒေါ်လာ၊ ဆန်ကွဲ တစ်တန်လျှင် (၄၀၈)ဒေါ်လာ၊ ပြောင်းတစ်တန်လျှင် (၃၁၀) ဒေါ်လာနှင့် ကြိမ်တစ်တန်လျှင် (၆၀၀) ဒေါ်လာ၊ ဖရဲသီး တစ်တန်လျှင် (၁၅၀)ဒေါ်လာ၊ရော်ဘာ တစ်တန်လျှင် (၁၄၀၀) ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခမှာ ဗန်းမော်မှလွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၁၅၀)ကျပ်ရှိကြောင်းသိရှိရပါသည်။

              ယခုအပတ်အတွင်းသွင်းကုန်ပိုင်းတွင် ဆေးဝါးပစ္စည်း (၄၅၆၀၄၀) U ၊ တန်ဖိုး (၀.၁၇၄) ဒေါ်လာသန်း၊ စက္ကူလိပ် (၈.၂၀) တန်၊ တန်ဖိုး (၀.၀၀၃) ဒေါ်လာသန်း၊ ကော်စေ့ (၂၅.၀၀) တန်၊ တန်ဖိုး (၀.၀၂၅) ဒေါ်လာသန်း၊ ဂျပ်ဖာ (၈၈.၀၀) တန်၊ တန်ဖိုး (၀.၀၃၃) ဒေါ်လာသန်း၊ တံခါးဘောင် (၁၆.၀၀) တန်၊ တန်ဖိုး (၀.၀၂၇) ဒေါ်လာသန်း၊ ပီနံအိတ် (၇၆.၀၀) တန်၊ တန်ဖိုး (၀.၀၆၁) ဒေါ်လာသန်း၊ ချည် (၅၁.၅၀) တန်၊ တန်ဖိုး (၀.၀၃၁) ဒေါ်လာသန်း၊ တစ်သျှူးလိပ် (၃.၅၀) တန်၊ တန်ဖိုး (၀.၀၀၇) ဒေါ်လာသန်း၊ မြက်ခင်းတု (၁၅.၂၀) တန်၊ တန်ဖိုး (၀.၀၁၀) ဒေါ်လာသန်း၊ ပတ္တာကြိုး (၁၄.၀၀) တန်၊ တန်ဖိုး (၀.၀၁၇) ဒေါ်လာသန်း၊ စောင်(၈၇.၈၀) တန်၊ တန်ဖိုး (၀.၀၄၄) ဒေါ်လာသန်း၊ ဖော့ (၅.၀၀) တန်၊ တန်ဖိုး (၀.၀၀၃) ဒေါ်လာသန်း၊ သံပိုက်/သံပြား(၉၅.၀၀) တန်၊ တန်ဖိုး (၀.၀၇၇) ဒေါ်လာသန်း၊ ပလပ်စတစ်လိပ် (၃၃.၃၀) တန်၊ တန်ဖိုး (၀.၀၃၂) ဒေါ်လာသန်း၊ ကုန်စုံ (၉၄၃.၀၈) တန်၊ (၄၆၇၉၀) U၊ (၄၆၄၀) PR၊ တန်ဖိုး (၀.၄၇၂) ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့ပါသည်။
 

                သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်နှစ်ဘီးထွန်စက်တစ်စီးလျှင် (၆၀၀)ဒေါ်လာ၊ စက္ကူလိပ် တစ်တန်လျှင် (၃၅၀) ဒေါ်လာ၊ ပီနံအိတ် တစ်တန်လျှင် (၈၀၀) ဒေါ်လာ၊ ပိတ်လိပ် တစ်တန်လျှင် (၅၇၀)ဒေါ်လာ၊ ချည်ခင် တစ်တန်လျှင် (၆၆၇)ဒေါ်လာရှိ၍ လွယ်ဂျယ်မှဗန်းမော်သို့သယ်ယူပို့ဆောင်ခမှာ (၁၂)ဘီးယာဉ်(၁)စီးလျှင် ကုန်ကျစ်(၁၂၀၀၀၀၀)ကျပ်၊ကုန်ပွ(၈၀၀၀၀၀)ကျပ်နှင့်ကုန်စုံတစ်စီးလျှင် (၁၀၀၀၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရပါသည်။

              ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်း များအား မန္တလေး - လက်ပံလှ - ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်း၊ဗန်းမော်ဒေသထွက်ပို့ကုန်ပစ္စည်းများအားဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်းအတိုင်းတင်ပို့လျက်ရှိပြီးသွင်းကုန်ပစ္စည်းများအား လွယ်ဂျယ်- စိန်လုံ-မိုးမောက်(ကျောက်စခန်း)-ဗန်းမော်လမ်းကြောင်းအတိုင်းကုန်သွယ်မှုပြုလုပ်လျက်ရှိပါသည်။

              လွယ်ဂျယ်နယ်စပ်ဒေသငွေကြေးဈေးကွက်အနေဖြင့် ၁၉-၁၂-၂၀၂၃ရက်နေ့မှာ (၁)ယွမ်လျှင် (၄၆၇) ကျပ်ဖြစ်ခဲ့ပြီး ၂၄-၁၂-၂၀၂၃ရက်နေ့တွင် (၁)ယွမ်လျှင် (၄၆၅)ကျပ်ဖြစ်၍မြန်မာကျပ်ငွေဈေးအနည်းငယ်တက်ခဲ့ကြောင်း သိရှိရပါသည်။