မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

           မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊မတ်လ(၁၉)ရက်နေ့မှ (၂၃)ရက်နေ့ငါးကြိတ်သား (၁)တန်လျှင် (၁၈၃၀.၀၆၉) ဒေါ်လာနှုန်းဖြင့် (၂၇) တန် ၊ တန်ဖိုး (၀.၀၄၉)ဒေါ်လာသန်းနှင့် ငါးမှုန့် (၁)တန်လျှင် (၉၀၁.၁၆၆) ဒေါ်လာနှုန်းဖြင့် (၂၁၀) တန် ၊ တန်ဖိုး (၀.၁၉၀)ဒေါ်လာသန်းတို့ကိုအကောက်ခွန်သက်သာခွင့်ဆိုင်ရာပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့်များလျှောက်ထားရယူ၍ မောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ထိုင်းနိုင်ငံပရာကျွတ်ကရီခမ်ခရိုင်သို့ ကားလမ်းကြောင်းဖြင့်လည်းကောင်း၊ ငါးမှုန့် (၁)တန်လျှင် (၉၀၁.၁၆၆) ဒေါ်လာနှုန်းဖြင့် (၅၀၀) တန် ၊ တန်ဖိုး (၀.၄၅၁)ဒေါ်လာသန်းအား အကောက်ခွန်သက်သာခွင့်ဆိုင်ရာပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့်လျှောက်ထားရယူ၍ ထိုင်းနိုင်ငံရနောင်းသို့ ရေလမ်းကြောင်းဖြင့်တင်ပို့နိုင်ခဲ့ပြီးစုစုပေါင်းပို့ကုန် တန်ဖိုး (၀.၆၉၀) ဒေါ်လာသန်းတင်ပို့ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိကုန်(၁)တန်လျှင်ကားခ(ကုန်ကျစ်)၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်းခန့်) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန်လမ်းကြောင်းကောင်းမွန်လျက်ရှိကြောင်းသိရှိရပါသည်။
 

          မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊မတ်လ(၁၉)ရက်နေ့မှ (၂၃)ရက်နေ့အတွင်းဒီဇယ်ဆီ (၁)တန်လျှင် (၈၇၂) ဒေါ်လာနှုန်းဖြင့်(၅၀၀) တန် ၊ တန်ဖိုး (၀.၄၃၆) ဒေါ်လာသန်း၊ ရင်းနှီးမြှုပ်နှံမှုပစ္စည်း (၂၀၇၁.၃၁၄)တန်၊ (၁၂၆၆၄၄.၅၃) M2၊ (၅၃၅၀၆)U၊ တန်ဖိုး (၀.၉၅၉) ဒေါ်လာသန်း၊ လုပ်ငန်းသုံးပစ္စည်း (၂၃.၉၁၉)တန်၊ (၁၁၁၁)U တန်ဖိုး (၀.၀၆၇) ဒေါ်လာသန်းနှင့် လူသုံးကုန်ပစ္စည်း (၃၈၀၈၀၀) 2U၊ တန်ဖိုး (၀.၀၄၅) ဒေါ်လာသန်း၊ စုစုပေါင်းသွင်းကုန်တန်ဖိုး (၁.၀၇၁) ဒေါ်လာသန်းအား တင်သွင်းနိုင်ခဲ့ပါသည်။ မြိတ်ဒေသတွင် ဓာတ်ဆီ(၁) လီတာ (၂၉၅၀) ကျပ်နှင့် ဒီဇယ်ဆီ (၁) လီတာ (၃၁၅၀) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချ လျက်ရှိကြောင်း၊  ကျပ်/ဘတ် ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၁၀၁.၉) ကျပ်ဖြင့်  အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။