လွယ်ဂျယ်နယ်စပ်ကုန်စည်စီးဆင်းမှုအခြေအနေ

လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့် (၂၅-၁၂-၂၀၂၃) မှ (၂၆-၁၂-၂၀၂၃) ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန် (၁၄၀၄.၅၀) တန်၊ တန်ဖိုး (၀.၇၉၂) ဒေါ်လာသန်း၊ ဆန်ကွဲ (၃၇၂.၅၀)တန်၊ တန်ဖိုး (၀.၁၆၀) ဒေါ်လာသန်း၊ ပြောင်း (၁၀၆၉.၅၀)တန်၊ တန်ဖိုး (၀.၂၆၂) ဒေါ်လာသန်း၊ ရော်ဘာ(၁၂၈.၀၀)တန်၊ တန်ဖိုး(၀.၁၇၉)ဒေါ်လာသန်း၊ တစ်သျှူးငှက်ပျော(၅၄၄.၀၀)တန်၊ တန်ဖိုး (၀.၁၉၇) ဒေါ်လာသန်း၊ ဖရဲသီး (၃၆၂.၅၀) တန်၊ တန်ဖိုး (၀.၀၅၂) ဒေါ်လာသန်း၊ သခွားမွှေး (၁၇၂.၀၀) တန်၊ တန်ဖိုး (၀.၀၃၆) ဒေါ်လာသန်း၊ ကြံ (၁၉၅.၀၀) တန်၊ တန်ဖိုး (၀.၀၀၈) ဒေါ်လာသန်း၊ ရှောင်ကောသီး (၇၂.၅၀) တန်၊ တန်ဖိုး (၀.၀၆၂) ဒေါ်လာသန်း၊ သီဟိုစေ့ (၈၀.၀၀) တန်၊ တန်ဖိုး (၀.၄၀၆) ဒေါ်လာသန်း၊ ပဲနီကြား (၂၅.၀၀) တန်၊ တန်ဖိုး (၀.၀၁၅) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။
 

          ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ဆန် တစ်တန်လျှင် (၄၆၉) ဒေါ်လာ၊ ဆန်ကွဲ တစ်တန်လျှင် (၄၀၈)ဒေါ်လာ၊ ပြောင်းတစ်တန်လျှင် (၃၁၀) ဒေါ်လာနှင့် ကြိမ်တစ်တန်လျှင် (၆၀၀) ဒေါ်လာ၊ ဖရဲသီး တစ်တန်လျှင် (၁၅၀)ဒေါ်လာ၊ ရော်ဘာ တစ်တန်လျှင် (၁၄၀၀) ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခမှာ ဗန်းမော်မှ လွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၁၅၀)ကျပ်ရှိကြောင်းသိရှိရပါသည်။

          ယခုအပတ်အတွင်းသွင်းကုန်ပိုင်းတွင် ဂျပ်ဖာ (၃၃.၀၀) တန်၊ တန်ဖိုး (၀.၀၁၂) ဒေါ်လာသန်း၊ ပီနံအိတ် (၃၇.၅၀) တန်၊ တန်ဖိုး (၀.၀၂၉) ဒေါ်လာသန်း၊ တစ်သျှူးလိပ် (၁၀.၀၀) တန်၊ တန်ဖိုး (၀.၀၀၅) ဒေါ်လာသန်း၊ ဖော့ (၂.၀၀) တန်၊ တန်ဖိုး (၀.၀၀၁) ဒေါ်လာသန်း၊ သံပိုက်/သံချောင်း (၁၀၁.၀၀) တန်၊ တန်ဖိုး (၀.၀၇၃) ဒေါ်လာသန်း၊ ပလပ်စတစ်လိပ် (၁၆.၈၀) တန်၊ တန်ဖိုး (၀.၀၁၅) ဒေါ်လာသန်း၊ ကုန်စုံ (၂၂၁.၀၀) တန်၊ (၁၇၈၀၀) U၊ (၃၀၀) PR၊ တန်ဖိုး (၀.၁၈၅) ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့ပါသည်။

          သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့် နှစ်ဘီးထွန်စက်တစ်စီးလျှင် (၆၀၀)ဒေါ်လာ၊ စက္ကူလိပ် တစ်တန်လျှင် (၃၅၀) ဒေါ်လာ၊ ပီနံအိတ် တစ်တန်လျှင် (၈၀၀) ဒေါ်လာ၊ ပိတ်လိပ် တစ်တန်လျှင် (၅၇၀)ဒေါ်လာ၊ ချည်ခင် တစ်တန်လျှင် (၆၆၇)ဒေါ်လာရှိ၍ လွယ်ဂျယ်မှ ဗန်းမော်သို့ သယ်ယူပို့ဆောင်ခ မှာ (၁၂)ဘီးယာဉ်(၁)စီးလျှင် ကုန်ကျစ်(၁၂၀၀၀၀၀)ကျပ်၊ ကုန်ပွ(၈၀၀၀၀၀)ကျပ်နှင့် ကုန်စုံတစ်စီးလျှင် (၁၀၀၀၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရပါသည်။
 

          ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်း များအား မန္တလေး - လက်ပံလှ - ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်း၊ ဗန်းမော်ဒေသထွက်ပို့ကုန်ပစ္စည်းများအားဗန်းမော် - မိုးမောက်(ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်းအတိုင်း တင်ပို့လျက်ရှိပြီး သွင်းကုန် ပစ္စည်းများအား လွယ်ဂျယ်- စိန်လုံ-မိုးမောက်(ကျောက်စခန်း)-ဗန်းမော်လမ်းကြောင်းအတိုင်းကုန်သွယ်မှုပြုလုပ်လျက်ရှိပါသည်။

          လွယ်ဂျယ်နယ်စပ်ဒေသငွေကြေးဈေးကွက်အနေဖြင့် ၂၄-၁၂-၂၀၂၃ရက်နေ့မှာ (၁)ယွမ်လျှင် (၄၆၅)ကျပ်ဖြစ်ခဲ့ပြီး ၂၆-၁၂-၂၀၂၃ရက်နေ့မှာတော့ (၁)ယွမ်လျှင် (၄၆၅)ကျပ်ဖြစ်၍မြန်မာကျပ်ငွေဈေးတည်ငြိမ်ခဲ့ကြောင်း သိရှိရပါသည်။