မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

   မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၂၉ ရက် နေ့အထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၆.၃၇၉) ဒေါ်လာသန်း၊ သွင်းကုန် (၁၅.၃၀၇) ဒေါ်လာသန်း၊ စုစုပေါင်းကုန်သွယ်မှုပမာဏ (၂၁.၆၈၆) ကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့သည်။
 

   ၂၃-၁၂-၂၀၂၃ မှ ၂၉-၁၂-၂၀၂၃ ရက်နေ့အထိအများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငရုတ် (ခြောက်) (၀.၆၈၈) ဒေါ်လာသန်း၊ ကြက်သွန်နီ (၀.၀၇၂) ဒေါ်လာသန်း၊ ကော်ဖီစေ့  (၀.၇၇၁) ဒေါ်လာသန်း၊ ‌ပြောင်းကြိတ်ဖတ် (၀.၁၅၂)ဒေါ်လာသန်း၊ ငရုတ်သီး(စိမ်း)(အစို) (၀.၀၉၂) ဒေါ်လာသန်း၊ သတ္ထုနှင့် သတ္ထုရိုင်းများ (၀.၁၃၄) ဒေါ်လာသန်း၊ ကွမ်းသီး (၀.၀၇၃) ဒေါ်လာသန်း၊ အခြားရေထွက် ပစ္စည်း (၀.၀၁၉) ဒေါ်လာသန်း၊ မက္ကဒေးမီးယား(၀.၀၀၈)ဒေါ်လာသန်းနှင့်ငါးမျိုးစုံ (၀.၀၀၇) ဒေါ်လာသန်း တို့ဖြစ်သည်။

   ၂၃-၁၂-၂၀၂၃ မှ ၂၉-၁၂-၂၀၂၃ ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ချည်ထည်များ (၀.၅၇၀) ဒေါ်လာသန်း၊ ဆေးဝါးပစ္စည်းများ (၀.၆၅၀) ဒေါ်လာသန်း၊ တာယာနှင့် ကျွတ် များ (၀.၁၈၈) ဒေါ်လာသန်း၊ မော်တော်ဆိုင်ကယ်အပိုပစ္စည်းများ (၀.၁၈၁) ဒေါ်လာသန်း၊ သွားတိုက်ဆေး (၀.၁၅၇) ဒေါ်လာသန်း၊ လေအေးစက်များ (၀.၁၄၈) ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ (၁.၀၄၅) ဒေါ်လာသန်း၊ ရေနံထွက်ပစ္စည်း (၀.၂၄၅) ဒေါ်လာသန်း၊ စက်နှင့်စက်ပစ္စည်းများ (၀.၃၂၆) ဒေါ်လာသန်းနှင့် မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ (၀.၂၄၂) ဒေါ်လာသန်းတို့ဖြစ်သည်။

   ပြင်ပငွေလဲနှုန်း အနေဖြင့် တစ်ဘတ်လျှင် (၉၈.၅၂) ကျပ်ဖြစ်ကြောင်း သိရှိရသည်။
 

 (DOT မြဝတီ)