မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

               မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက် လျှက်ရှိရာ (၂9-၁၂-၂၀၂၃) ရက်နေ့မှ (1-၁-၂၀၂4) ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက် ကုန်ပစ္စည်းများဖြစ်သည့် ငရုတ်၊  ကြက်သွန်နီ ၊ ပြောင်းကြိတ်ဖတ် နှင့် ရေထွက်ပစ္စည်းများ တင်ပို့ခဲ့ ပါသည်။ 
 

              (၂9-၁၂-၂၀၂၃) ရက်နေ့မှ (1-၁-၂၀၂4)  ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်း များမှာ ငရုတ်၊ ကြက်သွန်နီ၊ပြောင်းကြိတ်ဖတ် နှင့် ရေထွက်ပစ္စည်းများ ဖြစ်ပါသည်။

              ယခုအခါ ထိုင်းနိုင်ငံမှ စားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာ ဆောင်ရွက်လာမှုနှင့်အတူ အသုံးပြုရန်လိုအပ်ချက်ကြောင့် စားသောက်ကုန်ပစ္စည်းကုန်ကြမ်းဝယ်လိုအား မြင့်တက်နေ၍ လတ်တလော ကာလများတွင် ပိုမိုတင်ပို့နိုင်ခဲ့ပါသ ည်။
 

              ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်း ပို့ကုန်များဖြစ်သည့် ကြက်သွန်နီ နှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာတင်ပို့နိုင်ရေးအတွက် ကုန်ပစ္စည်းစစ်ဆေးမှုများတွင် ဦးစားပေး ဆောင်ရွက်ပေးလျက်ရှိပါသည်။

              (၂၃-၁၂-၂၀၂၃ မှ 1-၁-၂၀၂4) ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း များမှာ ချည်ထည်များ (၀.၅၇၀) ဒေါ်လာသန်း၊ ဆေးဝါးပစ္စည်းများ (၀.၆၅၀) ဒေါ်လာသန်း၊ တာယာနှင့် ကျွတ်များ(၀.၁၈၈)ဒေါ်လာသန်း၊ မော်တော်ဆိုင်ကယ်အပိုပစ္စည်းများ (၀.၁၈၁)ဒေါ်လာသန်း၊ သွားတိုက်ဆေး (၀.၁၅၇) ဒေါ်လာသန်း၊ လေအေးစက်များ (၀.၁၄၈)ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ (၁.၀၄၅) ဒေါ်လာသန်း၊ ရေနံထွက်ပစ္စည်း(၀.၂၄၅) ဒေါ်လာသန်း၊ စက်နှင့်စက်ပစ္စည်းများ (၀.၃၂၆) ဒေါ်လာသန်း၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ (၀.၂၄၂) ဒေါ်လာသန်းတို့ ဖြစ်ပါသည်။

              ပြင်ပငွေလဲနှုန်းအနေဖြင့် ယခင်အပတ်က တစ်ဘတ်လျှင် (၉၈.၀၃)ကျပ်ရှိပြီး ယခုအပတ် တွင် (၉၈.၅၂) ကျပ် ဖြစ်ပါသဖြင့်  ဘတ်စျေးမှာ အနည်းငယ်မြင့်တက်ရှိပါသည်။

              (၂၃-၁၂-၂၀၂၃ မှ 1-၁-၂၀၂4) ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငရုတ် (ခြောက်)  (၁) တန်လျှင် (၁၅၃၉.၂၉၁) ဒေါ်လာဖြင့် (၄၄၆.၉၅၉) တန်၊ (၀.၆၈၈) ဒေါ်လာသန်း၊ ကြက်သွန်နီ ၁တန်လျှင် (၆၃၄.၆၆၅) ‌ဒေါ်လာဖြင့် (၁၆၈၉.၀၈၀) တန် (၀.၀၇၂) ဒေါ်လာသန်း၊ ကော်ဖီစေ့ ၁တန်လျှင် (၄၂၈၃.၃၃၃) ဒေါ်လာဖြင့် (၁၈၀) တန်လျှင် (၀.၇၇၁)ဒေါ်လာသန်း၊ ‌ပြောင်းကြိတ်ဖတ် (၁) တန်လျှင် (၂၇၇.၆၂၆) ဒေါ်လာဖြင့် (၅၄၇.၅)တန် (၀.၁၅၂)ဒေါ်လာသန်း၊ ငရုတ်သီး(စိမ်း)(အစို) (၁) တန်လျှင် (၃၄၁.၅၆၃) ဒေါ်လာ ဖြင့် (၂၆၉.၉၃၅) တန် (၀.၀၉၂) ဒေါ်လာသန်း၊ သတ္ထုနှင့်သတ္ထုရိုင်းများ (၁) တန်လျှင် (၂၀၉၃.၇၅) ဒေါ်လာဖြင့် (၆၄) တန် (၀.၁၃၄) ဒေါ်လာသန်း၊ ကွမ်းသီး (၁) တန်လျှင် (၁၅၂၀.၈၃၃) ဒေါ်လာဖြင့် (၄၈) တန် (၀.၀၇၃) ဒေါ်လာသန်း၊ အခြားရေထွက်ပစ္စည်း (၁)တန်လျှင် (၃၂၃၆.၇၉၇)ဒေါ်လာဖြင့် (၅.၈၇၀)တန် (၀.၀၁၉) ဒေါ်လာသန်း၊ MACADIMIA (၁)တန်လျှင် (၂၆၆.၆၆၇) ဒေါ်လာဖြင့် (၃၀)တန် (၀.၀၀၈) ဒေါ်လာသန်း နှင့် ငါးမျိုးစုံ (၁)တန်လျှင် (၉၂၉.၆၁၅) ဒေါ်လာဖြင့် (၇.၅၃၀)တန် (၀.၀၀၇)ဒေါ်လာသန်း တို့ ဖြစ်ပါသည်။

              မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့ထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၇.၄၇၁) ကန်ဒေါ်လာသန်း၊ သွင်းကုန် (၁၈.၃၉၅) ကန် ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၂၅.၈၆၆) ကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။