မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

   မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ၁၃ ရက်နေ့ထိ အမှန် ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် ၄.၃၂၅ အမေရိကန်ဒေါ်လာသန်းနှင့် သွင်းကုန် ၁၁.၄၂၄ အမေရိကန် ဒေါ်လာသန်းဖြင့် စုစုပေါင်းကုန်သွယ်မှုပမာဏ ၁၅.၇၄၉ အမေရိကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ သည်။
 

   မြဝတီကုန်သွယ်ရေးဇုန်မှ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျက်ရှိရာ ၉-၁-၂၀၂4 ရက်နေ့မှ 13-၁-၂၀၂4 ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့် မြေပဲအစို 38.315 တန်၊ ကြက်သွန်နီ 2074.180 တန်၊ ကော်ဖီစေ့ 5၂ တန်၊ ‌ငရုတ်သီးခြောက် ၄၀၀.၃၈၂ တန်၊ ငရုတ်သီးစိမ်း အစို ၁၈၈.၉၀၄ တန်၊ သတ္တုနှင့်သတ္တုရိုင်း ၉၆ တန်နှင့် ချုပ်ပြီးအထည် ၈၄၂၃ တန်တို့ ဖြစ်သည်။

   သွင်းကုန်အနေဖြင့် ပလပ်စတစ်ကုန်ကြမ်းများ ၁.၇၀၇ ဒေါ်လာသန်း၊ အခြားပစ္စည်းများ ၁.၆၀၉ ဒေါ်လာသန်း၊ မော်တော်ယာဉ်နှင့်မော်တော်ယာဉ်ပစ္စည်းများ ၀.၇၃၃ ဒေါ်လာသန်း၊ ဆေးဝါး ပစ္စည်းများ ၀.၄၁၆ ဒေါ်လာသန်း၊ ဓါတု‌‌ဗေဒ ၀.၄၁၄ ဒေါ်လာသန်း၊ စက်နှင့်စက်ပစ္စည်းများ 0.၃၄၃ ဒေါ်လာသန်း၊ ‌တာယာနှင့်ကျွတ် ၀.၂၂၉ ဒေါ်လာသန်း၊ တွင်းထွက်(သတ္တုမှအပ) ဆောက်လုပ်ရေး ပစ္စည်းများ ၀.၁၈၁ ဒေါ်လာသန်း၊ လျှပ်စစ်ဓါတ်ဖြန့်ဖြူးရေးနှင့်တပ်ဆင်ရေးပစ္စည်းများ ၀.၁၃၀ ဒေါ်လာသန်းတို့ ဖြစ်သည်။
 

   ငွေလဲနှုန်းအနေဖြင့် ယခုအပတ်တွင် တစ်ဘတ်လျှင် ၉၈.၅၂ ကျပ် ဖြစ်ကြောင်းသိရှိရသည်။