လွယ်ဂျယ်နယ်စပ်ကုန်စည်စီးဆင်းမှုအခြေအနေ

               လွယ်ဂျယ်ကုန်သွယ်ရေးစခန်း အနေဖြင့် (၁၀-၁-၂၀၂၄) မှ (၁၄-၁-၂၀၂၄) ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန်ကွဲ (၁၅၃) တန်၊ တန်ဖိုး (၀.၈၆) ဒေါ်လာသန်း၊ ဆန်ကွဲ (၂၃၈၅.၀၀၀) တန်၊ တန်ဖိုး (၀.၃၉၈) ဒေါ်လာသန်း၊ တစ်သျှူးငှက်ပျော (၂၈၆၄.၀၀၀) တန်၊ တန်ဖိုး (၀.၈၂၈) ဒေါ်လာသန်း၊ ဖရဲသီး (၁၁၇၄.၅) တန်၊ တန်ဖိုး (၀.၃၀၅) ဒေါ်လာသန်း၊ သခွားမွှေး (၂၂၂.၀၀)တန်၊ တန်ဖိုး (၀.၀၄၇) ဒေါ်လာသန်း၊ ကြံ(၇၆၇.၀၀၀) တန်၊ တန်ဖိုး (၀.၀၃၃) ဒေါ်လာသန်း၊ သီဟိုစေ့ (၆၃.၂) တန်၊ တန်ဖိုး (၀.၃၁၇) ဒေါ်လာသန်း၊ ကြက်သွန်နီ(၁၆၅.၅) တန်၊ တန်ဖိုး (၀.၀၇၈) မြေပဲ(၂၅)တန်၊ တန်ဖိုး(၀.၀၃၅)ဒေါ်လာသန်း၊ ပဲယင်းနီ(၁၉၆.၂၇)တန်၊ တန်ဖိုး (၀.၁၃၂) ဒေါ်လာသန်း၊ နှမ်းနက် (၆၃.၀၀၀) တန်၊ တန်ဖိုး (၀.၀၅၀) ဒေါ်လာသန်း၊ နှမ်းညို (၅၀.၀၀၀) တန်၊ တန်ဖိုး (၀.၀.၀၆၉) ဒေါ်လာသန်း၊ ဖရုံသီး(၁၁၂.၅၀၀) တန်၊ တန်ဖိုး (၀.၀၁၁) ဒေါ်လာသန်း၊ ဝါး(၂၅.၀၀၀) တန်၊ တန်ဖိုး (၀.၀၅၃) ဒေါ်လာသန်း၊ ပဲတီစိမ်း(၁၂.၀၀၀)တန်၊တန်ဖိုး (၀.၀၀၁) ဒေါ်လာသန်း၊ ပဲနီကြား (၂၅.၀၀၀)တန်၊ တန်ဖိုး (၀.၀၇၅) ဒေါ်လာသန်း၊ မြေထောက်ပဲ(၆၃.၇၅)တန်၊ တန်ဖိုး (၆၃.၇၅၀)တန်၊ တန်ဖိုး (၀.၀၀၇) ဒေါ်လာသန်း၊ စွန်တာနီ(၁၃.၀၀၀) တန်၊ တန်ဖိုး (၀.၀၀၈) ဒေါ်လာသန်း တင်ပို့နိုင် ခဲ့ပါသည်။
 

            ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ဆန် တစ်တန်လျှင် (၅၆၀) ဒေါ်လာ၊ ဆန်ကွဲ တစ်တန်လျှင် (၄၅၀)ဒေါ်လာ၊ ပြောင်းတစ်တန်လျှင် (၃၁၀) ဒေါ်လာ၊ဖရဲသီး တစ်တန်လျှင် (၁၅၀)ဒေါ်လာ၊ တစ်သျှူး ငှက်ပျော တစ်တန်လျှင် (၃၈၀) ဒေါ်လာ၊ ပဲတီစိမ်း တစ်တန်လျှင် (၆၅၀) ဒေါ်လာရှိ၍ သယ်ယူ ပို့ဆောင်ခမှာ ဗန်းမော်မှ လွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၁၅၀)ကျပ်ရှိကြောင်း သိရှိရပါသည်။

            ယခုအပတ်အတွင်း သွင်းကုန်ပိုင်းတွင် ဆေးဝါးပစ္စည်း (၁၇၈၁၈.၂) U ၊တန်ချိန်(၁၈၀.၅၂) တန်ဖိုး (၀.၀၆၂)ဒေါ်လာသန်း၊ ကားအပိုပစ္စည်း(၁၈.၆၀)တန်၊ တန်ဖိုး(၀.၀၁၈)ဒေါ်လာသန်း၊ ဂျပ်ဖာ (၁၃၇.၀၀)တန်၊ တန်ဖိုး (၀.၀၅၇) ဒေါ်လာသန်း၊ လယ်ထွန်စက်(၂)U ၊ တန်ဖိုး(၀.၀၁၈) ဒေါ်လာသန်း၊ ပီနံအိတ်(၁၅)တန်၊ တန်ဖိုး(၀.၀၁၂)ဒေါ်လာသန်း၊ တစ်သျှူး(၇.၃၀) တန်၊ တန်ဖိုး (၀.၀၂၂) ဒေါ်လာသန်း၊ ဘထ္ထရီ(၁၃၀၀)U ၊ တန်ဖိုး(၀.၀၀၉)ဒေါ်လာသန်း၊ မှင်ရည်(၂၆.၆၀) တန်၊ တန်ဖိုး (၀.၀၂၃) ဒေါ်လာသန်း၊ သံပိုက်/သံချောင်း (၂၃၄.၅၈) တန်၊ တန်ဖိုး (၀.၁၆၂) ဒေါ်လာသန်း၊ မြက်ခင်းထု(၈)တန်၊ တန်ဖိုး (၀.၀၀၅)ဒေါ်လာသန်း၊ ကုန်စုံ (၄၆၃.၄၇) တန်၊ (၄၉၂၉၇) U၊ (၉၄၈၀) PR၊ တန်ဖိုး (၀.၄၈၁) ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့ပါသည်။
 

            သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်စက္ကူလိပ် တစ်တန်လျှင် (၃၅၀) ဒေါ်လာ၊ ပီနံအိတ် တစ်တန်လျှင် (၈၀၀) ဒေါ်လာ၊ ပိတ်လိပ် တစ်တန်လျှင် (၅၇၀)ဒေါ်လာ၊ ဂျပ်ဖာ တစ်တန်လျှင် (၃၉၀) ဒေါ်လာ၊ ချည်ခင် တစ်တန်လျှင် (၆၆၇)ဒေါ်လာရှိ၍ လွယ်ဂျယ်မှ ဗန်းမော်သို့သယ်ယူပို့ဆောင်ခမှာ (၁၂)ဘီးယာဉ် (၁)စီးလျှင် ကုန်ကျစ်(၁၂၀၀၀၀၀)ကျပ်၊ ကုန်ပွ(၈၀၀၀၀၀)ကျပ်နှင့် ကုန်စုံတစ်စီးလျှင် (၁၀၀၀၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရပါသည်။

          ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်း များအား မန္တလေး-လက်ပံလှ-ဗန်းမော်-မိုးမောက်(ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်း၊ ဗန်းမော်ဒေသထွက် ပို့ကုန်ပစ္စည်းများအား ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်းအတိုင်း တင်ပို့လျက်ရှိပြီး သွင်းကုန် ပစ္စည်းများအား လွယ်ဂျယ်- စိန်လုံ-မိုးမောက် (ကျောက်စခန်း) - ဗန်းမော်လမ်းကြောင်းအတိုင်း ကုန်သွယ်မှုပြုလုပ်လျက်ရှိပါသည်။

          လွယ်ဂျယ်နယ်စပ်ဒေသငွေကြေး ဈေးကွက်အနေဖြင့် ၉-၁-၂၀၂၄ရက်နေ့မှာ (၁)ယွမ်လျှင်(၄၆၅)ကျပ် ဖြစ်ခဲ့ပြီး ၁၄-၁-၂၀၂၄ရက်နေ့မှာတော့ (၁)ယွမ်လျှင် (--)ကျပ်ဖြစ်၍ မြန်မာကျပ်ငွေ ဈေးတည်ငြိမ် ခဲ့ကြောင်း သိရှိရပါသည်။