တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်/ သွင်းကုန်ကုန်သွယ်နိုင်မှု
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့
တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ထိုင်းနိုင်ငံ ၊ တရုတ်နိုင်ငံများနှင့် ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ် (ဇန်နဝါရီလ၁၆ရက်ထိ) ပို့ကုန် ကန်ဒေါ်လာ (၁.၉၈၉) သန်း၊ သွင်းကုန် ကန်ဒေါ်လာ (၄.၁၉၈) သန်း၊ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ(၆.၁၈၇) သန်းဆောင်ရွက်နိုင်ခဲ့ပါသည်။ (၁၆-၁-၂၀၂၄) ရက်တွင် ပို့ကုန်တင်ပို့မှုအနေဖြင့် ပြောင်း(၅၃၂.၂၅၀) တန်၊တန်ဖိုး(၀.၁၂၉) ဒေါ်လာသန်း၊ထောပတ်သီး (၆၀)တန်၊ တန်ဖိုး (၀.၀၃၄)ဒေါ်လာသန်း၊ကြက်သွန်နီ(၁၆.၅၀၀)တန်၊ တန်ဖိုး (၀.၀၁၀) ဒေါ်လာသန်း၊ပလပ်စတစ်ဖြတ်စ(၈)တန်၊ တန်ဖိုး (၀.၀၀၄)ဒေါ်လာသန်းနှင့်စက္ကူဖြတ်စ(၂၄)တန်၊ တန်ဖိုး (၀.၀၀၃)ဒေါ်လာသန်း၊ စုစုပေါင်း (၀.၁၈၀)ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။ထိုင်းနိုင်ငံသုံးဘတ်ငွေလဲနှုန်းအနေဖြင့် (၁၆-၁-၂၀၂၄) ရက်နေ့တွင် ကျပ်(၁) သိန်းလျှင် (၁၀၀၅) ဘတ် ဖြစ်ပေါ်ခဲ့ပါသည်။
တာချီလိတ်ကုန်သွယ်ရေးစခန်းမှ စက်သုံးဆီ၊ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများအဓိကတင်သွင်းလျက်ရှိပြီး(၁၆-၁-၂၀၂၄)ရက်တွင် ဘိလပ်မြေ(၀.၀၁၇)ဒေါ်လာသန်း၊ မီးခံအုတ်(၀.၀၁၇)ဒေါ်လာသန်း၊ဘိလပ်မြေမျက်နှာကျက်ပြား(၀.၀၁၄)ဒေါ်လာသန်း၊ဖိနပ်(၀.၀၀၉)ဒေါ်လာသန်း၊ ပလပ်စတစ်ဖျာ(၀.၀၀၉)ဒေါ်လာသန်း၊ကြွေပြား(၀.၀၀၉)ဒေါ်လာသန်း၊ပလပ်စတစ်ခြင်း (၀.၀၀၇)ဒေါ်လာသန်း၊ ပလပ်စတစ်ခွက်(၀.၀၀၇)ဒေါ်လာသန်း၊ ကွန်ကရစ်အမိုးပြား(၀.၀၀၅)ဒေါ်လာသန်း၊မှန်ချပ်(၀.၀၀၁)ဒေါ်လာသန်းအပါအဝင် (၀.၁၁၇) ဒေါ်လာသန်းတင်သွင်းခဲ့ပါသည်။