မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်/ သွင်းကုန်တင်ပို့နိုင်မှုအခြေအနေ

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့
 

               မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ဇန်နဝါရီလ(၂၃)ရက်နေ့မှဇန်နဝါရီလ(၂၇)ရက်နေ့အတွင်း ပို့ကုန် တင်ပို့မှု ငါးမှုန့်(၁) တန်လျှင် (၉၁၇) ဒေါ်လာနှုန်းဖြင့်(၁၅၉၀) တန် ၊ တန်ဖိုး (၁.၄၅၈) ဒေါ်လာသန်း၊ ငါးဆီ (၁) တန်လျှင် (၆၀၆) ဒေါ်လာနှုန်းဖြင့် (၂၈)တန်၊ တန်ဖိုး (၀.၀၁၇) ဒေါ်လာသန်း တို့အား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့် လျှောက်ထား ရယူ၍ ကော့သောင်းမြို့မှ ထိုင်းနိုင်ငံရနောင်းသို့ ရေလမ်းကြောင်းဖြင့်လည်းကောင်း၊ ငါးကြိတ်သား (၁)တန်လျှင် (၁၈၅၈) ဒေါ်လာနှုန်းဖြင့် (၁၈) တန် ၊ တန်ဖိုး (၀.၀၃၃)ဒေါ်လာသန်းအားအကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်း နိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့်လျှောက်ထားရယူ၍ မောတောင်ကုန်သွယ်ရေးစခန်းမှ တစ်ဆင့်ထိုင်းနိုင်ငံ ပရာကျွတ်ကရီခမ်ခရိုင်သို့ ကားလမ်းကြောင်းဖြင့်လည်းကောင်း တင်ပို့နိုင်ခဲ့ပြီး စုစုပေါင်း ပို့ကုန်တန်ဖိုး (၁.၅၀၈)ဒေါ်လာသန်း တင်ပို့ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင် ကုန်သွယ်ရေး စခန်းအထိကုန် (၁)တန်လျှင်ကားခ (ကုန်ကျစ်) ၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်းခန့်) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ်-ထားဝယ်-ရန်ကုန်လမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။
 

            မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ဇန်နဝါရီလ(၂၃)ရက်နေ့မှ ဇန်နဝါရီလ(၂၇)ရက်နေ့အတွင်း သွင်းကုန်တင်သွင်းမှုဒီဇယ်ဆီ (၁)တန်လျှင် (၈၂၉.၄) ဒေါ်လာနှုန်းဖြင့်(၄၇၀၀) တန် ၊ တန်ဖိုး (၃.၈၉၈) ဒေါ်လာသန်း၊ဓါတ်ဆီ တစ်တန်လျှင် (၈၈၁) ဒေါ်လာနှုန်းဖြင့် (၃၀၀) တန် ၊ တန်ဖိုး (၀.၂၆၄) သန်း၊ ရင်းနှီးမြှုပ်နှံမှုပစ္စည်း (၃၈.၅၆၀၁) Kg တန်ဖိုး (၁.၁၂၉)ဒေါ်လာသန်း နှင့် လုပ်ငန်းသုံးပစ္စည်း (၈၆၁.၆၈၅)Kg ၊ (၄၀၀)U တန်ဖိုး (၀.၀၁၈)ဒေါ်လာသန်း၊ ပုဇွန်စာ (၁၅၀) Kg တန်ဖိုး (၀.၀၄၅)ဒေါ်လာ သန်း စုစုပေါင်းသွင်းကုန်တန်ဖိုး (၅.၃၅၄) ဒေါ်လာသန်းအား တင်သွင်းခဲ့ပါသည်။ မြိတ်ဒေသတွင် ဓာတ်ဆီ(၁)လီတာ (၂၈၄၀) ကျပ်နှင့် ဒီဇယ်ဆီ (၁)လီတာ (၂၉၃၀) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက် ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၉၈.၉) ကျပ်ဖြင့်အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။